ဧပြီ - ၂၃
မန္တလေးအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ DRM Rangers Mandalay အဖွဲ့ဟာ မစ်ရှင်တွေနဲ့ ပြန်လာပြီလို့ ထုတ်ပြန်ပါတယ်။
အခြားတော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာ မစ်ရှင်တွေ ဆောင်ရွက်နေရင်း Facebook Page ဟာ Report အထုခံရပြီး Unpublished ဖြစ်သွားတာကြောင့် ပြည်သူတွေနဲ့ ဆက်သွယ်ဖို့ နောက်ထပ် Page အသစ် ဖွင့်လှစ်ထားတယ်လို့ အဖွဲ့တာဝန်ရှိသူက MFP ကို ပြောပါတယ်။
" DRM ရဲဘော်များက ဘယ်တော့မှ သွေးမလျော့ဘူး မပြိုလဲဘူး လဲကျရင်လည်း အမြန်ဆုံးပြန်ရုံးထတယ်။ ကျွန်တော်တို့ရဲ့ ရဲဘော်အားလုံးဟာ အားမွေးနေတာမဟုတ်ပါဘူး၊ မအလ ခွေးမျိုးတွေအတွက် gun ဆေးနေတာပါ ။ mission တွေနဲ့အတူ DRM ပြန်လာပြီ " ဆိုပြီး ပေ့ခ်ျအသစ်မှာ သတင်းစကား ပါးထားပါတယ်။
မန္တလေးက ပြောက်ကျားရဲဘော်တွေဟာ လူတွေ အဖမ်းခံရတာအပြင် ဖေ့ဘွတ်ပေ့ခ်ျတွေကိုလည်း မကြာခဏဆိုသလို Report ထုခံရလို့ ပျက်သွားတာတွေ ကြုံနေကြရပါတယ်။
လူတွေ ဖမ်းဆီးခံရရင်လည်း နောက်ထပ် ရဲဘော်တွေဆီ ဆက်သွယ်ခိုင်းတာ၊ နေအိမ်လိုက်ပြခိုင်းတာမျိုး ဖိအားပေး ပြုလုပ်စေတဲ့အပြင် ဖေ့ဘွတ်ပေ့ခ်ျတွေကတစ်ဆင့် ဆက်သွယ်စေတာမျိုးတွေကိုလည်း စစ်အုပ်စုက ပြုလုပ်တတ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment