စကစတပ်သားများက ပစ္စည်းပို့ Delivery လူငယ်တစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးထား

ဓာတ်ပုံ- ပစ်သတ်ခံရသူ ကိုဟိန်းထက်နိုင်နှင့် ဖမ်းဆီးခံထားရသူ ကိုတင်ထွန်းအောင်နှင့် ကိုကြည်သာ

တာမွေ၊ ဧပြီ ၁၃

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းတွင်း နေရာတစ်ခုသို့  Delivery လိုက်ပို့သည့် လူငယ် ၃ ဉီးကို အကြမ်းဖက်စစ်ကောင်စီ မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 " မနက်ကိုးနာရီကျော်လောက်က သေနတ်သံတွေကြားတယ်။ ပစ်ခံရတဲ့ကောင်လေးတွေက Food panda လို့ ပြောကြတယ်။ တစ်ယောက်သေတယ်၊  ၂ယောက် ကိုဖမ်းသွားတယ် " ဟု အဆိုပါ ပတ်ဝန်းကျင်အနီးရှိ ဒေသခံတစ်ဦးက လူငယ့်ခေတ်ပြောသည်။

တာမွေ နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်း အနီး  Oasis Hotel အရှေ့၌ ပစွည်းပို့ပြီး ပြန်လာသည့်  delivery လူငယ်သုံးဦးကို စစ်တပ်က ဗုံးလာထောင်သည် စွပ်စွဲကာ ပစ်ခတ်ဖမ်းဆီးခဲ့စဉ် တစ်ဦးသေဆုံးသွားပြီး နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း Bahan Information page ၌လည်း ဖော်ပြထားသည်။

အဆိုပါပစ်သတ်ခံရသူမှာ ကိုဟိန်းထက်နိုင်ဆိုသူ ဖြစ်ပြီး ဖမ်းဆီးခံရသူ နှစ်ဦးသည် ကိုတင်ထွန်းအောင် နှင့် ကိုကြည်သာတို့ ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို လူငယ့်ခေတ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။


Lu Nge Khit

စကစတပ်သားများက ပစ္စည်းပို့ Delivery လူငယ်တစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးထား စကစတပ်သားများက ပစ္စည်းပို့ Delivery လူငယ်တစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.