စစ်အုပ်စုရဲ့ ဖမ်းဆီးနှိပ်စက် ခံထားရတဲ့ CDM ကျောင်းအုပ်ကြီး ဦးကျော်မင်းနိုင်/Photo – S |
ဧပြီ - ၂၉
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်သားကျေးရွာနေ အထက(ခွဲ)မှန်တောကျောင်းက CDM ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းနိုင်ကို စစ်အုပ်စုက ဒီကနေ့ ဧပြီ(၂၉)ရက်မှာ ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
CDM ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းနိုင်ဟာ စစ်အုပ်စုက လိုက်လံရန်ပြု ဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင် နေရပြီး ဒီကနေ့ ဧပြီ(၂၉)ရက် ညနေပိုင်းမှာ ယာယီခိုလှုံနေထိုင်ရာ ကလေးမြို့ ပင်လုံရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းက အိမ်ကို စစ်အုပ်စုက စီးနင်းဝင်ရောက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“ကလေးမြို့ ပင်လုံရပ်ကွက် ဆိပ်ကမ်းသာလမ်းမှာ ယာယီနေထိုင်တဲ့ တင်သားရွာသား CDM မှန်တောရွာ ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းနိုင်ကို မဟုတ်မမှန် မတရား စွပ်စွဲပြီး ဖမ်းဆီးသွားပါတယ်” လို့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုဘက်ကတော့ ဦးကျော်မင်းနိုင်ဟာ ဒလံတွေကို သတ်ဖြတ်ပြီး မြစ်သာမြစ်ထဲ မျှောတာ၊ တာယာကွင်းစွပ်ပြီး မီးရှိသတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်တယ်လို့ စွပ်စွဲ ၀ါဒဖြန့် ပါတယ်။
စစ်အုပ်စုဟာ လက်နက်အားကိုးနှင့် ကလေးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ အဓမ္မပြုကျင့်၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျုးလွန်နေပြီး သူတို့ကို ဆန့်ကျင်သူတွေကို ဥပဒေမဲ့ အနိုင်ကျင့် ဖိနှိပ်နေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment