တနင်္သာရီတိုင်းမ် ၊ ဧပြီ ၇
လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးဇော်နိုင်ဦး(ခ)နိုင်ဦးဆိုသူဟာ ဒီနေ့မနက်၆နာရီခွဲဝန်းကျင်က ရွာစျေးထဲမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ရွာခံတွေထံက သိရပါတယ်။
အသက်၅၈နှစ်အရွယ် ကိုဦးဇော်နိုင်ဦး(ခ)နိုင်ဦးဟာ သူ့အမျိုးသမီးကို စျေးလာပို့တဲ့ အချိန်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လည်ပင်းနဲ့ ရင်ဘက်ကျည်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
"သူက အုပ်ချုပ်ရေးမှုးထက်တောင် စစ်ကောင်စီနဲ့ ပိုပိုင်တယ်။ ဒီဘက်ကစစ်တပ်တွေရဲတွေ ရဲ့လှုပ်ရှားမှုတွေမှာ တော်တော်များများ သူပါတယ်လေ"လို့ ညင်းမော်ရွာခံ
တစ်ဦးက ပြောပါတယ်။
သူဟာကျေးရွာအရံမီးသတ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်ပြီး ရပ်ကွက်ထဲမှာတော့ အရက်ဆိုင်ဖွင့်ပြီး လောင်းကစားဝိုင်းတွေလည်းပြုလုပ်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုဖြစ်စဉ်မှာ စျေးသည်အမျိုးသမီးတစ်ဦး လက်ဖဝါးကို သေနတ်ထိမှန်ခဲ့ပြီး၊ နောက်တစ်ဦးကတော့ ခြေသလုံးရှပ်ထိဒဏ်ရာရခဲ့တာကြောင့် ထားဝယ်ဆေးရုံကိုတင်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဧပြီလ (၄) ရက်နေ့ကလည်း ညင်းမော်ရွာကပျူစောထီးအဖွဲ့ဝင် ဦးစိန်လွင်(ခ)ဗိုလ်လားဆိုသူ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။
The Tanintharyi Times
No comments:
Post a Comment