ပဲခူး၊ ဧပြီ ၁၃၊ ၂၀၂၂။
ရန်ကုန်တိုင်း ခရမ်းမြို့နဲ့ ပဲခူးတိုင်း ကဝမြို့နယ်ကြားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF တွေဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုင်း ၂ခုကြားက ဇွဲတွန်စစ်ဆေးရေးဂိတ်ကို ဒီနေ့မနက် ၁၁နာရီဝန်းကျင်လောက်က ခရမ်းPDF နဲ့ ပဲခူးခရိုင် PDF တပ်ရင်း ၁ ကဝ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF တာဝန်ခံက ပြောပါတယ်။
" မိနစ် ၄၀ လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်၊ ဆက်အတည်ပြုစဲပါ။ ၁၀ဦးသေ ၃ဦးဒဏ်ရာပြင်းထန်လို့ပဲသိထားရသေးတာပါ" လို့ ပြောပါတယ်။
ပဲခူးခရိုင် PDF ကပဲ ဒီနေ့ မနက် ၂နာရီလောက်မှာ ညောင်လေးပင်မြို့နယ် ကြိုးကြာကွင်းနဲ့ လက်ပံပု ကြားမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီကားကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းကြားမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ဦးသေဆုံး(ရုပ်/သံ)
Reviewed by THITHTOOLWIN
on
18:39
Rating:
No comments:
Post a Comment