စစ်ကြောင်းထိုးပြန်လာတဲ့ ပျူနှင့်စစ်သားများ ၆၀ မမနဲ့အပစ်ခံရပြီး ၂ ဦးသေဆုံး


မြိုင် ၊ ဧပြီ ၂၀၊ ၂၀၂၂။

မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်သားနှင့်ပျူစောထီးအဖွဲ့ကို ၆၀ မမ လက်နက်ကြီနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-WPF ကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဧပြီလ ၁၉ ရက်၊ နေ့လည် မှာတကြိမ်၊ ည ၁၁ နာရီခန့်မှာတကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး ဝက်ပုတ်ကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

"စစ်ကြောင်းထိုးလာပြီးအပြန်မှာ ကျနော်တို့က မြိုင်မြို့နယ် တောင်ရိုးရွာရဲ့တောင်ဘက်မှာ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်ဗျ၊ အဲဒီမှာတော့ စစ်ခွေးတွေပျူတွေအထိအခိုက်မရှိခဲ့ဘူး၊ ဒီကောင်တွေ ဝက်ပုတ်ကျေးရွာကို ပြန်ကပ်တဲ့အချိန် ညဦးပိုင်း လက်နက်ကြီး ၆၀ မမတွေနဲ့လိုက်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ စစ်သားနဲ့ပျူ ၂ ယောက်ကျ‌တယ်၊ ကျန်တဲ့လူတွေလည်း အထိအခိုက်များတယ်လို့သိရတယ်၊" လို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-WPF မှ ကိုတေဇက ပြောပါတယ်။

တိုက်ခိုက်မှုမဖြစ်ပွားခင် ဧပြီလ ၁၈ ရက်နေ့တိုက်ပွဲမှာ မြိုင် PDF မှ ၅ ဦး၊ Local PDF က ၂ ဦး ကျဆုံးခဲ့ပြီး၊ အဲဒီအတွက်သွေးကြွေးလိုက်ဆပ်တာလို့ ဆိုပါတယ်။

"စစ်ကောင်စီနဲ့ပျူအဖွဲ့ကပေါက်မြို့နယ်မှာလည်း တောင်ပိုင်းဆိုရင် ကျေးရွာတွေမီးရှို့တယ်၊ အဓိက ကတော့ ပျူတွေနဲ့စစ်ဒေါက်တိုင်တွေပေါ့၊ စစ်ကောင်စီဒေါက်တိုင်မှန်သမျှတော့အပြတ်ချေမှုန်းမယ်" လို့ ကိုတေဇကပြောပါတယ်။ 

အနောက်လွင်ပြင်-PDF၊ Myaing_Gruda-PDF နဲ့ Local-PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။


မြေလတ်အသံ - Myaelatt Athan

စစ်ကြောင်းထိုးပြန်လာတဲ့ ပျူနှင့်စစ်သားများ ၆၀ မမနဲ့အပစ်ခံရပြီး ၂ ဦးသေဆုံး စစ်ကြောင်းထိုးပြန်လာတဲ့ ပျူနှင့်စစ်သားများ ၆၀ မမနဲ့အပစ်ခံရပြီး ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.