ပုံစာ - ရေဖြူအထက်တန်းကျောင်း(ပုံအဟောင်း) ဓာတ်ပုံ - ဇမ္ဗူအရိပ်ပရဟိတအသင်း |
တနင်္သာရီတိုင်းမ်၊ ဧပြီ ၁
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အထက်တန်းကျောင်းအတွင်းမှာ ဒီနေ့မနက်၈နာရီ၄၀မိနစ်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ဟာ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာဖြေတဲ့ရက်ဖြစ်ပြီးကျောင်းသားတွေ စာမေးပွဲအခန်းထဲကို ဝင်ရောက်ဖို့လုပ်နေစဉ်မှာပဲ ကျောင်းဆောင်အနီး ပေါက်ကွဲသံ ထွက်ပေါ်လာတာလို့ သိရပါတယ်။
"တော်တော်ကြမ်းတယ်၊ တစ်မြို့လုံးဟိန်းသွားတာပဲ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးသတ်၊ ရဲနဲ့ စစ်တပ်ကလုံခြုံရေးယူပေးထားတဲ့အချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုတော့ မသိရှိရသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က သေနတ်နဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
အ.ထ.က ရေဖြူစာသင်ကျောင်းမှာ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၉၉ ယောက်ရှိတယ်လို့ ရေဖြူစာသင်ကျောင်း ဆရာမတစ်ဦးက အတည်ပြုပြောဆိုပါတယ်။
လက်ရှိမှာ စစ်တပ်က စာသင်ကျောင်းအနီးမှာရှိတဲ့ နေအိမ်တွေကို စာဖွေစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
The Tanintharyi Times
No comments:
Post a Comment