ရန်ကုန်နေရာအနှံ့ကသန်းခေါင်ယံဖေါက်ခွဲမှုများတွင် တပ်မတော်သားအချို့ပူးပေါင်းပါဝင်ခဲ့


ရန်ကုန်၊ ဧပြီ ၂၊ ၂၀၂၂။

ရန်ကုန်မြို့ရဲ့ နေရာအနှံ့မှာ ယမန်နေ့ည  သန်းခေါင်ယံကပေါက်ကွဲပစ်ခတ်မူတွေ ပြုလုပ်ပြီးကျဆုံးသူတွေကို ဂုဏ်ပြုခဲ့တဲ့ People Defense and Guerrilla Vangaurd-PDGV အဖွဲ့မှာ တပ်မတော်သားအချို့ပါဝင်နေလို့ သူတို့ရဲ့လုံခြုံရေးအတွက် တိုက်ခိုက်မှုတိုင်းကို ထုတ်ပြန်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ၂၇ ရက်နေ့ကတည်းက အကြီးစားတိုက်ခိုက်မူတွေပြုလုပ်ခဲ့ပေမယ့် ကြေညာခဲ့တာ မရှိဘူးလို့သိရပါတယ်။

"ကျနော်တို့ အဖွဲ့ရဲ့ မစ်ရှင်တွေကို မကြေညာရတဲ့အကြောင်းအရင်းက  အဓိကကတော့ အဖွဲ့ဝင်တွေရဲ့လုံခြုံရေးကြောင့်ပါပဲ ကျနော်တို့အဖွဲ့ထဲမှာက အဖွဲ့ဝင် အများစုက စစ်အုပ်စုရဲ့ အနီးကပ်ဆုံးမှာ နေနေရတဲ့သူတွေဖြစ်တဲ့အတွက် ကျနော်တို့လုံခြုံရေးကြောင့် မကြေညာခဲ့ရခြင်းဖြစ်တယ်" လို့ PDGV ရဲ့ တာဝန်ခံကပြောပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဖောက်ခွဲမူတွေလုပ်ပါက ရေရှည်မှာလူထုကတော်ရေးလှန်ရေးကို စိတ်ပျက်သွားနိုင်လို့ ကြေညာရတာလို့လည်းဆိုပါတယ်။

"အခုကြေညာဖို့ စဥ်းစားရတဲ့အကြောင်းအရင်းက  ကျနော်တို့ရန်ကုန်မှာရှိတဲ့ အချို့အဖွဲ့တွေက ပစ်မှတ်တွေ

မတိကြဘူး ပစ်မှတ်တွေမတိကြ​တဲ့အချိန်မှာ တချို့လုပ်ရပ်တွေကကျနော်တို့တော်လှန်ရေးကို နှောင့်နှေးစေနိုင်တယ်လို့  မြင်တယ် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကိုဖောက်ခွဲမူတွေ လုပ်နေတာတွေကရေရှည်ကျရင်လူထုကပါ တော်ရေးလှန်ရေးကို စိတ်ပျက်သွားနိုင်တယ် အဲဒါကြောင့်ကျတော်တို့က ကြေညာဖို့ဆုံးဖြတ်လိုက်ရတယ်"လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင်ကြေညာဖို့ ဆုံးဖြတ်ရတဲ့အကြောင်းမှာ ကျဆုံးသွားတဲ့ရဲဘော်တွေအပါအဝင် မြို့ပြပျောက်ကျားတွေ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို  ဂုဏ်ပြုတဲ့အစီအစဥ်မှာပြည်သူတွေကိုယ်တိုင်လည်း ကြိုတင်သိရှိပြီးတော့ပါဝင်နိုင်ဖို့အတွက် ကြေညာဖို့ဆုံးဖြတ်တာလို့ လည်းသိရပါတယ်။

PDGVအဖွဲ့ဟာ မနေ့ညက ဘုရင်နောင်စစ်ကြောရေးဝန်း၊ ကျိုက္ကဆံရေတပ်ဝန်း၊ ဒဂုန်မြို့နယ်စစ်ဆေးရုံ၊ မင်္ဂလာဒုံ အင်းစိန်၊ မရမ်းကုန်း၊ လိူင်၊ ရန်ကင်း၊ ဗဟန်း၊ ကမာရွတ်၊ ဒဂုံနဲ့ကျောက်တံတား မြို့နယ်တွေမှာရှိတဲ့ နောက်တမ်းစစ်ရေးပစ်မှတ်တွေဖြစ်တဲ့ စစ်တပ်လိုင်းခန်းတွေ စစ်ကြောရေးစခန်းတွေနဲ့ အကျဥ်းထောင်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖော်ဆောင်တာမဟုတ်တဲ့အတွက်ကြောင့် ထိခိုက်ကျဆုံးမူမရှိသလို PDGV ရဲဘော်တွေလည်း အန္တရာယ်ကင်းခဲ့​တယ်လို့ ဆိုပါတယ်။

 ဒါ့အပြင်ပြည်သူတရပ်လုံးကို နည်းမျိုးစုံနဲ့ ဖိနိပ်ရက်စက်သုတ်သင်နေတဲ့ အာဏာရှင်နဲ့တကွ ပူးပေါင်းပါဝင်မူမရှိတဲ့ အမှန်တရားကိုမျက်ကွယ်ပြုထားတဲ့  စစ်ကောင်စီနောက်လိုက်တွေနဲ့ နောက်တန်းစစ်ရေးအင်အားစုတွေကို မဟာမိတ်အဖွဲ့ဝင်တွေနဲ့အတူ ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့လည်း PDGVက ထုတ်ပြန် ကြေညာထားပါတယ်။

အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်အချို့ စာရင်းအရ ၂၀၂၁ခုနှစ်အတွင်း အကြီးစားတိုက်ခိုက်မှု ၉ ကြိမ်ထက် မနည်းပြုလုပ်ခဲ့ပြီး စစ်သားနဲ့ရဲ ၂၀ ဦးသေဆုံးကာ ဒဏ်ရာရစစ်သားနဲ့ရဲ ၆ ဦးရှိပြီး ကား ၁၁ စီးပျက်စီးခဲ့ကာ အခုနှစ်အတွင်း တိုက်ခိုက်မူတွေမှာတော့  စစ်ကောင်စီရဲ့သေဆုံးစာရင်းကို မသိရှိရဘူးလို့ ထုတ်ပြန်ထားသလို လုံခြုံရေးအရမထုတ်ပြန်တဲ့ တိုက်ခိုက်မူတွေလည်း ရှိတယ်လို့သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ရန်ကုန်နေရာအနှံ့ကသန်းခေါင်ယံဖေါက်ခွဲမှုများတွင် တပ်မတော်သားအချို့ပူးပေါင်းပါဝင်ခဲ့ ရန်ကုန်နေရာအနှံ့ကသန်းခေါင်ယံဖေါက်ခွဲမှုများတွင် တပ်မတော်သားအချို့ပူးပေါင်းပါဝင်ခဲ့ Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.