ဓာတ်ပုံ၊ ပေးပို့ |
ဧပြီ - ၂၇
မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်မှာ အလှူကပြန်လာသူတစ်ဦးဟာ ဒီမနက်ပိုင်းမှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကန်တောင်ကျေးရွာက အသက် (၄၀)နှစ်အရွယ် ဦးမျိုးနိုင် (ခ) ကျွဲကြီး ဆိုသူဟာ ဒီမနက် (၇)နာရီခန့်မှာ ထောက်ကြံ့ပင်ရွာအလှူကနေ ကျေးရွာချင်းဆက်လမ်းအတိုင်း ပြန်လာချိန် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ဗိုက်ကို ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဦးမျိုးနိုင်ဟာ စဉ့်ကူးမြို့နယ်ထဲက ရွှေလုပ်ကွက်တွေမှာ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု သတင်းပေးဖြစ်တယ်လို့ ဒေသခံအချို့က ပြောဆိုပြီး သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။
ဦးမျိုးနိုင်ကို စဉ့်ကူး PDF လက်အောက်ခံ ဥဒေါင်းမင်းအဖွဲ့က သေနတ်နဲ့ (၈)ချက် ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment