သရုပ်ဆောင် ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏သမီးဖြစ်သူ စံထိပ်ထားဦး၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
"ဖေဖေ့ကို ခေါ်သွားပါပြီ"ဟု စံထိပ်ထားဦးက ပြီးခဲ့သည့် မိနစ်ပိုင်းတွင် ၎င်း၏ ပေ့ခ်ျ၌ရေးသားထားသည်။
ခိုင်သင်းကြည်တို့၏ နေအိမ်ကို ဧည့်စာရင်းအကြောင်းပြကာ လာရောက်စစ်ဆေးခြင်းဖြစ် ကြောင်း ယင်းပို့စ်မတင်မီ စံထိပ်ထားဦးက Live လွှင့် အသိပေးထားသည်။
ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရန် အကြမ်းဖက်စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦး ၏ တယ်လီဂရမ်၌ ယနေ့ နေ့လယ်က ရေးသားထားပြီးနောက် ညပိုင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ခိုင်သင်းကြည်ကို အကြမ်းဖက်စစ်ကောင်စီက လူမှုထူးချွန်တံဆိပ် ချီးမြှင့်ခဲ့ပြီးနောက် ဧပြီ ၁၆ ရက်တွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။
People's Spring
သရုပ်ဆောင်ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်
Reviewed by THITHTOOLWIN
on
23:25
Rating:
No comments:
Post a Comment