(MPDF တပ်ဖွဲ့ဝင်များ) |
စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းတစ်လျှောက် လမ်းပိတ်ထားမည်ဟု MDF - PDF တပ်ရင်း၁ မှ ဗိုလ်တော်ဝင်က ပြောသည်။
"စစ်ကိုင်းတိုင်း စစ်ရေးပြင်းထန် အခြေအနေပါ။ ပွဲများစွာနဲ့ ဧပရယ်ပါပဲ။ ချောင်းဦး - မုံရွာ ကစပြီး တန့်ဆည်၊ လမ်းဆုံ၊ ရေဦး မြန်မာပြည်အထက်ပိုင်း တောက်လျှောက် ဒီကနေ့ပဲ ကျွန်တော်တို့ PDF တွေ လမ်းပိတ်လိုက်ပြီဖြစ်ပါတယ်။ အိမ်စီးကား၊ ကုန်တင်ကား တစ်စီးမှ ဖြတ်သန်းသွားလာဖို့ခွင့်ပြုသွားမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ဘေးကင်းရေးအတွက်မို့ နားလည်ပေးဖို့ မျှော်လင့်တယ်။"ဟု ဗိုလ်တော်ဝင်ကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ကား တစ်ရာနီးပါးအား လက်တလောရင်ဆိုင်တိုက်ခိုက်နေပြီး သတင်းကောင်းများရှိကြောင်း၊ အပြည့်အစုံထပ်မံတင်ပေးမည်ဟု ဗိုလ်တော်ဝင်က ပြောသည်။
အကြမ်းဖက်စစ်တပ်သည် သင်္ကြန်အပြီးကာလတွင် စစ်ကိုင်းတိုင်းအတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး စစ်ကိုင်းတိုင်း၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ချောင်းဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ရွှေဘို၊ ကျောက်မြောင်း၊ ဝက်လက်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ကလေး၊ တမူး၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ အစရှိသည့် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးနီးပါး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့နေကြသည်။
People's Spring
No comments:
Post a Comment