စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများကိုသာမက မိသားစာဝင်များကိုပါ အမဲလိုက်မည့် ဇေယျစစ်ဆင်ရေး စတင်တော့မည်ဟု အနက်ရောင်သေမင်းအဖွဲ့ ကြေညာ


ဧပြီ - ၁၉ 

မန္တလေးတိုင်းအတွင်းက စစ်အုပ်စုဝင်တွေကို အမဲလိုက်မယ့် ဇေယျစစ်ဆင်ရေးကို စတင်တော့မယ်လို့ အနက်ရောင်သေမင်း ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။ 

မိသားစုချင်း၊ သားသမီးချင်း ကိုယ်ချင်းမစာ ရိုက်နှက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စု (လက်ပါးစေ)တွေနဲ့  မိသားစုဝင်တွေကို ပြန်ပြီး အရေးယူသွားတော့မှာလို့ သတိပေးထားတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ဝေးကွာတဲ့နေရာတွေမှာ နေထိုင်ကြဖို့လည်း ပြောဆိုထားပြီး လိုက်နာခြင်းမရှိရင် တာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးလို့လည်း အနက်ရောင်သေမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နောင်လေးက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

အနက်ရောင်သေမင်းဟာ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်ပြီး မန္တလေးမြို့ပြ UG တွေဟာ ပြီးခဲ့တဲ့သင်္ကြန်တွင်းမှာလည်း စစ်အုပ်စုနဲ့ နီးစပ်ရာတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 


Mandalay Free Press - MFP

စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများကိုသာမက မိသားစာဝင်များကိုပါ အမဲလိုက်မည့် ဇေယျစစ်ဆင်ရေး စတင်တော့မည်ဟု အနက်ရောင်သေမင်းအဖွဲ့ ကြေညာ စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများကိုသာမက မိသားစာဝင်များကိုပါ အမဲလိုက်မည့် ဇေယျစစ်ဆင်ရေး စတင်တော့မည်ဟု အနက်ရောင်သေမင်းအဖွဲ့ ကြေညာ Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.