စစ်ကိုင်းတိုင်း ကလေးမြို့ ခရိုင်ရဲတပ်ရုံးနှင့် ကလေးမြို့ကားကြီးဝင်းနားရှိ စစ်ကောင်စီထောက်ပို့တပ်ရှေ့တို့တွင် ယနေ့ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
သင်္ကြန်အကျနေ့ ညနေပိုင်း ၅နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးမြို့ပေါ်၌ လက်နက်ကြီး ပစ်ခတ်ခံများ ကြားနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ပစ်ခံက ဆက်တိုက်ကြားနေရတယ်။ ရဲ ခရိုင်ရုံးနားအထိ PDFတွေလာပစ်နေကြပြီ။ မြို့ပေါ်ကလမ်းပေါ်မှာလဲ ၁၂ နာရီနောက်ပိုင်း လူမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ကလေးမြို့ကားကြီးဝင်းအနီးရှိ စစ်ကောင်စီတပ်၏ ထောက်ပို့တပ်ကို ဒေသခံကာကွယ် ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေပြီး ညနေ ၆နာရီခွဲအထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။ ခရိုင်ရဲတပ်ဖွဲ့ ရုံးနားတွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ၎င်းက ပြောသည်။
ကလေးမြို့ တောင်သာကျေးရွာတွင် ယနေ့ သင်္ကြန်အကျနေ့ နေ့လယ် ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲသည် မိနစ်၃၀ကြာမြင့်ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဆိုသည်။
ကလေးမြို့ဒေသအတွင်းရှိ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက ဧပြီ ၁၃ ရက်(ယမန့်နေ)ကလည်း စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့်ထောက်ပို့တပ်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးတို့ကို သွားရောက်တိုက်ခိုက်ခဲ့သေးသည်။
People's Spring
No comments:
Post a Comment