ဧပြီ ၁၇ရက်
ကရင်နီပြည် ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲကျေးရွာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ဦး သေဆုံးပြီး တပ်ရင်းမှူးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း KNDF က ယနေ့ မနက် ၁၁နာရီတွင် ထုတ်ပြန်လိုက်သည်။
ထိုဖြစ်စဉ်က ဧပြီလ ၁၄ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်မ(၆၆)၊ ခမရ(၁၀၈) တပ်ရင်းမှူး ၀င်းထိုက်စိုးအပါအ၀င် တပ်စိတ်တစ်စိတ်ခန့် မိုင်းထိမှန်ခဲ့ပြီး သေဆုံးသူအပြင် ၃ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း KNDF ထုတ်ပြန်တွင်ရေးသားထားသည်။
ပြောက်ကျား တိုက်ခိုက်မှုအတွင်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်၏ ကျည်ဆံများသိမ်းဆည်းရမိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
SHAN News (Burmese Version)
ကရင်နီ ပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံး၊တပ်ရင်းမှူး ပြင်းထန်စွာ ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
23:21
Rating:
No comments:
Post a Comment