ဧပြီ ၉ရက်
သျှမ်းတောင် ရွာငံမြို့နယ် လွှစင်ရွာ နှင့် တောင်ပို့ကွဲရွာ အကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ (ဧပြီ ၉) ရက် ညနေ ၆ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များတွင် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) ၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရှမ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (SNDF) တို့ ဖြစ်သည်။
ထို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ သည် ပျူစောထီးများအား သုတ်သင် ရှင်းလင်းရန် စောင့်ဆိုင်းနေစဉ် ရွှေဓနုယာဥ်လိုင်းဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိဘဲ တပ် ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SHAN News (Burmese Version)
No comments:
Post a Comment