ကျောက်ထု၊ ဧပြီ၁၇၊ ၂၀၂၂။
မကွေးတိုင်း ကျောက်ထုမြို့နယ်က လေတပ် အမြောက်တပ် နဲ့ ရစခန်းတွေကို PDF ၃ဖွဲ့က တပြိုင်တည်းလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ထိခိုက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။
ဧပြီလ ၁၆ရက် သင်္ကြန်အတတ်နေ့ညပိုင်းမှာ PDF တွေ ၂နေရာခွဲပြီး လက်နက်ကြီးတွေနဲ့ စုစုစပေါင်း အချက် ၃၀ ကျော် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကျောက်ထု PDF တာဝန်ခံက ပြောပါတယ်။
" ၂ နေရာကိုတပြိုင်ထဲပစ်ခတ်ခဲ့တာပါ၊ပစ်ခတ်တဲ့အချိန်ကတော့အတူတူပဲ၊၂ ဖွဲ့ခွဲပြီးပစ်တာ၊ကျောက်ထုအမြှောက်တပ်နဲ့လေတပ်ကိုကြတော့ ပူးပေါင်းအဖွဲ့ The Youth Force (saw & kyaukhtu) နဲ့ ကျနော်တို့ ကျောက်ထု PDF ၂ ဖွဲ့ပေါင်းပြီးတိုက်ခိုက်တာပေါ့၊ ကျောက်ထုရဲစခန်းကြ ကျောက်ထု PDF မြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတိုက်ခိုက်တာ၊ကျောက်ထုအမြှောက်တပ်ထဲကို ၁၀ ချက်ပစ်ခတ်ခဲ့တယ်၊ ရဲစခန်းထဲကိုကြတော့ ၂၇ ချက်ပစ်တယ်" လို့ ကျောက်ထု PDF တာဝန်ခံက ပြောပါတယ်။
ရဲစခန်းထဲကို ပစ်တဲ့ ၂၇ချက်မှာ အလုံး ၂၀လောက်ပဲ ရဲစန်းထဲ ကျပြီး ၇လုံးကတော့ လွဲတာနဲ့ ကျော်သွားတာတွေရှိပြီး ထိခိုက်မှုတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment