တောင်ဒဂုံမြို့နယ် က ကြံ့ခိုင်ရေးပါတီဝင် သတင်းပေး(ဒလန်) အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန် ၊ ဧပြီ ၅ ရက်

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)က ကြံ့ခိုင်ရေးပါတီဝင် စစ်ကောင်စီ၏ သတင်းပေး(ဒလန်)ဟု နာမည်ထွက်နေသူ မရီရီဝင်းဆိုသူအား အမည်မသိအဖွဲ့တစ်ဖွဲ့က ဧပြီလ ၄ရက် ည၈နာရီကျော်တွင် ဦးခေါင်းကိုသေနက်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

" သူက ၅၃ရပ်ကွက်ထဲမှာနေတာ ကြံ့ခိုင်ရေးပါတီဝင် ရပ်ကွက်ထဲမှာတော့ ဒလန်အကြီးစားပေါ့ဗျာ။ ခုသူကို ဘယ်အဖွဲ့ကလာပစ်လည်းတော့မသိသေးဘူး ဦးခေါင်းကို ၃ချက်ပစ်သွားတာနေရာတွင်ပွဲချင်းပီး သေသွားတာ" ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖြစ်စဥ်အပြီးတွင် စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


Ayeyarwaddy Times

တောင်ဒဂုံမြို့နယ် က ကြံ့ခိုင်ရေးပါတီဝင် သတင်းပေး(ဒလန်) အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး တောင်ဒဂုံမြို့နယ် က ကြံ့ခိုင်ရေးပါတီဝင် သတင်းပေး(ဒလန်) အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 19:30 Rating: 5

No comments:

Powered by Blogger.