ပုလဲမြို့ အထွက်တွင်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ယနေ့ မနက်အစောပိုင်းက မိုင်းဆွဲ တိုက်ခိုက်
ပုလဲ၊ ဧပြီ ၁၇
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် အထွက်တွင် ကင်းလှည့်နေသည့်အကြမ်းဖက်စစ်အုပ်စုကို ယနေ့ ဧပြီလ ၁၇ ရက် မနက် ၇ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် မှ ထိခိုက်မှုများပြားကြောင်း ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ မှ သိရသည်။
" စခအင်အား၁၅ယောက်ကျော်လောက်ပါတယ်။ Double cup ကားကို မိုင်းဆွဲတာ လေးလုံး ထိတယ်။ ဒီကောင်တွေ ပြန်ပစ် တာ ကျွန်တော်တို့ကို မထိဘူး။ အခုဆေးရုံမှာ အများအပြားကုနေရတယ်။ သေဆုံးတာတော့ သေချာမသိသေးဘူး " ဟု ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီးအသေးစိတ်အခြေအနေများကို လူငယ့်ခေတ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ထို့အတူ ယမန်နေ့ ဧပြီလ ၁၆ ရက် ညပိုင်းကလည်း ပုလဲမြို့နယ်ရဲစခန်းကို လက်ပစ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ က လူငယ့်ခေတ်သို့ပြောသည်၊။
" ဒီကောင်တွေစခန်းထဲ မိုင်းသွားပစ်တာ။သူတို့ကလည်း အတွဲလိုက်ပြန်ပစ်တယ်။ ဒီ စခကောင်တွေက ရမ်းသမ်းပစ်တာဆိုတော့ ကျွန်တော်တို့ကို ထိခိုက်မှုမရှိပါဘူး " ဟု ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။
အဆိုပါတိုက်ခိုက်မှုများတွင် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဖက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
လက်ရှိအကြမ်းဖက်စစ်အုပ်စုမှ ပုလဲမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ် အများစုကို အင်တာနက်ဖြတ်တောက်ထားကြောင်း သိရသည်။
Lu Nge Khit
No comments:
Post a Comment