ပခုက္ကူ၊ ဧပြီ ၉၊ ၂၀၂၂။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စညောင်းရွာက မသန်စွမ်းအမျိုးသား ၁ ဦးအပါအဝင် ၃ ဦးကို ဧပြီ ၈ ရက် မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၃၀ အရွယ် မသန်းစွမ်းသူ ကိုသန်းဌေးဦး၊ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာမ ၁ ဦး နဲ့ သူရဲ့ အဖေတို့ကို ရွာအနောက်ဘက်ပိုင်းမှာ ည ၇ နာရီလောက်က ပစ်သတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ ဆရာမအသက်က၂၈ ဝန်းကျင်ရှိတယ်၊ သူ့အဖေနဲ့ တောထဲက ခရမ်းချဉ်ခင်း စောင့်နေတာ စစ်သားတွေက ပစ်သတ်သွားကြတယ်။ သားဖနှစ်ယောက်လုံးပေါ့။ တစ်ယောက်က ရွှေအ၊ စကားမပြောတတ်၊ နားမကြားဘူး၊ ရွာအနောက်ဘက်ထန်းတောမှာ ထန်းတက်တာတွေ့တော့ ပစ်သတ်သွားကြတယ်၊ ရွာကလူတွေလည်း ပြေးနေရတော့ အခုမနက်မှသိရတယ်၊” လို့ သူကပြောပါတယ်။
အဲ့ဒီတပ်တွေဟာ စညောင်းရွာအနီးက မြစ်ဖျားရွာကိုနေ့လည်ပိုင်းမှာ မီ:ရှို့ဖျက်ဆီးခဲ့ပြီး၊ ညနေ ၆ နာရီလောက်မှ အင်းအား ၁၀၀ ကျော်နဲ့ ရွာထဲကိုစစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်သလို နေအိမ်မီးရှို့တာတွေတော့ လုပ်မသွားဘူးလို့လည်း ဒေသခံတဦးက ဆက်ပြောပါတယ်။
စညောင်းရွာမှာ အိမ်ခြေ ၂၂၀ နဲ့ လူဦးရေ ၁၀၀၀ ကျော်နေထိုင်ကာ စစ်တပ်ကဝင်ရောက်လာချိန်ကတည်းက ရွာသားအားလုံးနီးပါးက တိမ်းရှောင်နေခဲ့ပြီး၊ လက်ရှိအချိန်ထိလည်း ရွာထဲကိုပြန်မဝင်ရဲကြသေးလူးလို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment