ဘိုကလေးမြို့က သတင်းပေး(ဒလန်) ဟု လူသိများသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ၍ သေဆုံး


ကလေး၊ ဧပြီလ ၁၄ ရက် 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ၊အမှတ် ၆ ရပ်ကွက်မှ သူဇာကြီးအားဆိုသူအား တောစျေးတန်းအနီး ကန်တော်ကြီးစောင်းတွင် ယနေ့မနက် ၆ နာရီ ခွဲအချိန်က သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းမှာ အမှတ် ၆ ရပ်ကွက် ၅လမ်းထိပ်တွင် တိုက်အိမ်အစိမ်းဖြင့်နေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိစစ်ဗိုလ်နှင့်စစ်သားများကို အိမ်ပေါ်ခေါ်ထားပြီး ၎င်း၏ သတင်းပေး တိုင်ကြားမှုများကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိနေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

""သူဇာကြီးကြောင့် ထောင်ထဲရောက်နေသူတွေ အဖမ်းခံရသူတွေမနည်းတော့ဘူး။ ပေါ်ပေါ် ထင်ထင်ပဲစစ်ဗိုလ်နဲ့ စစ်သားတွေကို အိမ်ခေါ်ထားပြီး 

ဟိုလူဖမ်းခိုင်း ဒီလူဖမ်းခိုင်းနဲ့ ခုကပ်ပြီးပစ်ခံရလို့သေပြီ" ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဘိုကလေးမြို့တွင် သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ စက်ချုပ်သမား ချစ်စမ်းမောင်သေဆုံးမှုအပြီး ဒုတိယမြောက် သတင်ပေး(ဒလန်) ဟု နာမည်ကြီးသူ သူဇာကြီး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။


Ayeyarwaddy Times 

ဘိုကလေးမြို့က သတင်းပေး(ဒလန်) ဟု လူသိများသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ၍ သေဆုံး ဘိုကလေးမြို့က သတင်းပေး(ဒလန်) ဟု လူသိများသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.