ဧပြီ - ၂
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးဝင်းကို ယနေ့နံနက်ပိုင်းက ဗုံးထုခံရကြောင်း သတင်းရရှိသည်။
နံနက် (၁၁)နာရီခန့်က မြို့မရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးဝင်းအတွင်း ရေကန်အနီး၌ လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုမရှိဟု နီးစပ်သူများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ပုသိမ်ကြီးမြို့နယ်အတွင်းမှ စစ်အာဏာရှင်ဆန့်ကျင်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိသကဲ့သို့ တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီနှင့် နီးစပ်သူများ၊ ဒေါက်တိုင်များကို တိုက်ခိုက်လေ့ရှိသည်။
Mandalay Free Press - MFP
ပုသိမ်ကြီး ပြည်ခိုင်ဖြိုးပါတီရုံးဝင်း ဗုံးထုခံရ
Reviewed by THITHTOOLWIN
on
22:03
Rating:
No comments:
Post a Comment