ကင်းလှည့် ရဲ ၅ ယောက်အား ထီးလင်းကွန်မန်ဒို ၅ ယောက်မှ ပစ်ခတ်တိုက်ခိုက်၊ ရဲ ၁ ယောက်သေပြီး ကျန်ရဲများ ထွက်ပြေး


ဧပြီလ ၁၈ ရက် 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့တွင် ကင်းလှည့်နေသော ရဲ ၅ ဦးအား ထီးလင်းအထူးကွန်မန်ဒိုအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံး၍၊ တစ်ဦးဒဏ်ရာပြင်းထန်ကာ ထွက်ပြေးသွားခဲ့သည်ဟု YDF ထီးလင်း မှ သတင်းထုတ်ပြန်သည်။ 

ယနေ့ မနက်ပိုင်း ၈:၃၀ အချိန်ခန့်တွင် ရေမျက်နီရွာအတွင်း ဆိုင်ကယ်နှစ်စီးနှင့် ရဲ ၅ ဦး ကင်းလှည့်နေစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ တိုက်ခိုက်ခဲ့သောအထူးကွန်မတ်ဒိုအဖွဲ့မှာ YDF Htilin B 3 (Shwe Son Nyo) မှ ဖြစ်သည်ဟု သိရသည်။ 

တိုက်ပွဲတွင် B-3 SSN မှ (KAMAX)အမျိုးအစားဆိုင်ကယ်တစ်စီး၊(HK 33)အမျိုးအစားသေနတ်တစ်လက်နှင့် ကျည် ၂၄‌ တောင့်ပါကျည်ဘောက် ၁ ခုအား သိမ်းဆည်းရမိခဲ့ပြီး၊ ရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွါနိုင်ခဲ့ပါသည်ဟုလည်း သတင်းထုတ်ပြန်ချက် အရ သိရသည်။


HTY Information

ကင်းလှည့် ရဲ ၅ ယောက်အား ထီးလင်းကွန်မန်ဒို ၅ ယောက်မှ ပစ်ခတ်တိုက်ခိုက်၊ ရဲ ၁ ယောက်သေပြီး ကျန်ရဲများ ထွက်ပြေး ကင်းလှည့် ရဲ ၅ ယောက်အား ထီးလင်းကွန်မန်ဒို ၅ ယောက်မှ ပစ်ခတ်တိုက်ခိုက်၊ ရဲ ၁ ယောက်သေပြီး ကျန်ရဲများ ထွက်ပြေး Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.