မန္တလေး၊ ဧပြီ (၂)
ရန်ကုန် - မန္တလေးလမ်းပေါ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ကို စောင့်နေသည့် စစ်အုပ်စုကို သေနတ်ဖြင့် (၈)ချက် ပစ်ခတ်ခဲ့ကြောင်း အဖွဲ့ (၆) ဖွဲ့ပါသည့် တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်သည်။
ယနေ့ ညနေ (၇) နာရီခန့်က (၇၈) လမ်း စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ စစ်အုပ်စုကို ပစ်ခတ်ခဲ့ပြီး တစ်ဦးမြေပြင်ပေါ်လဲသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
"တစ်ကောင်သေနိုင်တယ်"ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Ranger Of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်က ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို မှတ်တမ်းရိုက်ချိန်မရခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် အသံကြားလျှင် လမ်းကြောင်းများ ရှင်းပေးကြရန်လည်း ဗိုလ်ဖီးနစ်က မေတ္တာရပ်ခံထားသည်။
ပစ်ခတ်မှုဖြစ်ချိန်တွင် စစ်ကား (၂) စီးရောက်လာသည့်အတွက် လဲကျသွားသည့်စစ်သားထံမှသေနတ်ကို မကောက်နိုင်ခဲ့ဟု ဆိုသည်။
ယမန်နေ့ ဧပြီလ (၁) ရက်နေ့ကလည်း မန္တလေး၌ စစ်ကောင်စီတပ်ဆွဲထားသည့် မြို့နယ်ထွေအုပ်ရုံးနှင့် ရပ်ကွက်ရုံးများ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ရရှိခဲ့သေးသည်။
Lu Nge Khit
No comments:
Post a Comment