ဓာတ်ပုံ - CJ |
တနင်္သာရီတိုင်းမ်၊ ဧပြီ ၁
ထားဝယ်-ထီးခီးလမ်းမပေါ်က ရမ္မဇူရွာနဲ့ လိပ်ကြယ်ပြောင်ရွာအကြား ဘောက်ဆာကားနှစ်စီးမီးရှို့ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့နံနက် ပိုင်းကတည်းက မေတ္တာဘက်ကနေ ထားဝယ်မြို့ဘက်ကိုမောင်းနှင်လာတဲ့ ဘောက်ဆာကားနှစ်စီးကို ရမ္မဇူရွာအနီး တားဆီးခံခဲ့ရပြီး ယာဥ်မောင်းနှစ်ဦးထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
နေ့လယ် ၁၂ နာရီနောက်ပိုင်းမီးရှို့ခံခဲ့ရပြီး လေယာဥ်ဆီလို့ ယူဆကာမီးရှို့တာဖြစ်နိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။
" လမ်းမှာ ကားစက်ခေါင်းမီးလောင်နေတာတော့တွေ့ရတယ်" လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။
ဘယ်အဖွဲ့ကမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာတော့မသိရသေးပါဘူး။
မီးရှို့ခံရတဲ့ကားပေါ်မှာတော့ LP Gas ရေနံဓာတ်ငွေ့ရည်လို့ရေးသားထားပါတယ်။
ညနေ သုံးနာရီဝန်းကျင်မှာ လက်နက်အပြည့်အစုံနဲ့ စစ်သားအင်အား ၂၀ ဝန်းကျင် ရမ္မဇူရွာဘက်ကို ဦးတည်ဝင်ရောက်လာနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။
စစ်ကောင်စီတပ်က ထားဝယ်-ထီးခီးလမ်းကြောင်းကနေ လေယာဥ်ဆီသယ်မယ်ဆိုတဲ့သတင်းဟာ မတ်လကုန်ပိုင်းကတည်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။
The Tanintharyi Times
No comments:
Post a Comment