ကုန်းတလဘောင် ကျေးရွာ ရပ်ကျေး အဖွဲ့ဝင် ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ


ရန်ကုန်၊ဧပြီ-၁၀

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာမှ စစ်ကောင်စီခန့် ရပ်ကျေးအဖွဲ့ဝင်နှစ်ဦးမှာ ယနေ့ မနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ရပ်ကျေးအဖွဲ့ဝင်များဖြစ်သည့် ဦးကျော်တင့်နှင့် ဦးရွှေလေးတို့သည် အလှူတစ်ခုမှ အပြန်လမ်း၌ ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသွားကြောင်း၊ ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ကျေးရွာအတွင်း စစ်ကောင်စီတပ်များက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးကဆိုသည်။

"အရင် သေနတ်နဲ့ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့လူတွေပေါ့။ သူတို့က အခုထိ စစ်တပ်ခိုင်းတဲ့တာဝန် ဆက်ထမ်း နေတာ"ဟု ၎င်းကပြောသည်။

အဆိုပါကုန်းတလဘောင်ကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပြုလုပ်ခဲ့သည့် ဦးဝေလင်းအောင်မှာလည်း ယမန်နှစ်ကုန်ပိုင်းကသေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ရာအိမ်မှူး ပေါင်မုန့်ဆိုလည်း ထပ်မံပစ်ခတ်ခံခဲ့ရသေးသည်။

ယခုပစ်ခတ်မှုအား မည်သည့်အဖွဲ့ကပြုလုပ်သည်ကိုမူ မသိရှိရသေးပါ။


Lu Nge Khit

ကုန်းတလဘောင် ကျေးရွာ ရပ်ကျေး အဖွဲ့ဝင် ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ ကုန်းတလဘောင် ကျေးရွာ ရပ်ကျေး အဖွဲ့ဝင် ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.