ဓာတ်ပုံ - စစ်ကောင်စီ လေယာဉ်များမှ ကြဲချသောဗုံးအကြွင်းအကျန်များတွေ့ရစဉ်။ (Photo: Cobra Column) |
မြဝတီ၊ ဧပြီ ၁၁ ရက်နေ့၊ ၂၀၂၂
ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေဟာ တိုက်လေယာဉ်တွေနဲ့ လိုက်လံဗုံးကြဲခဲ့ပါတယ်။ မနေ့က ဧပြီ ၁၀ ရက်နေ့မှာ ကြဲချခဲ့တဲ့ ဗုံးတွေထဲမှာလူတစ်ရပ်နီးပါးရှိတဲ့ ဗုံးတွေပါခဲ့တယ်လို့ Cobra အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ် ။
တိုက်ပွဲဧရိယာကို ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ကြဲချခဲ့တဲ့ လေယာဉ်ဗုံး အကြွင်းအကျန်တွေနဲ့ လေယာဉ်က ပစ်ခတ်ခဲ့တဲ့ ကျည်ခွံတွေ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ရာမှာ လူတစ်ရပ်နီးပါးရှိတဲ့ ဗုံခွံတွေ ပါရှိခဲ့ပါတယ် ။
လေးကေ့ကော်တိုက်ပွဲမှာ စစ်တပ်ဘက်က အကျအရှုံးများခဲ့တာကြောင့် တိုက်ခိုက်ရေးလေယာဉ် (၂) စီးနဲ့ (၂၂) ကြိမ်ပျံဝဲကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူပိုင်နေအိမ် အလုံး (၃၀) ထက်မနည်းပျက်စီးသွားခဲ့ပါတယ် ။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အနီးက ဂျပန်က လာရောက်တည်ဆောက်ထားပေးတဲ့ KNU ရဲ့ လေးကေကော်မြို့သစ်ထဲမှာ ပြီးခဲ့တဲ့ ယမန်နေ့က နံနက် (၂) နာရီခွဲအချိန်မှစတင်ပြီး စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ၊ ခမရ(၂၀၇) က တပ်ရင်းမှူးသက်နိုင်ဦး ဦးစီးတဲ့ အင်အား ၄၅ ဦးခန့် ကျူးကျော်ဝင်ရောက်ခဲ့လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက် တပ်ရင်းမှူးတွေအပါအဝင် အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကိုပါ အရှင်ဖမ်းဆီးရမိခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့ကလည်း သူရဲကောင်းရဲဘော်နှစ်ဦးထိခိုက်ကျဆုံးခဲ့ပါတယ်။
တကျော့ပြန်လည်ဖြစ်ပွားခဲ့တဲ့ လေးကေ့ကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့လို့ လေကြောင်းပစ်ကူတွေ အရင်ကထက် ပိုမိုအသုံးပြုလာခဲ့သလို လေကြောင်းတိုက်ခိုက်မှုအထဲမှာ ဓာတုဗုံးလို့ယူဆရတဲ့ ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်လာခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခံစားနေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
Salween Press
No comments:
Post a Comment