ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းအနီးတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် လူငယ်နှစ်ဦးမှာ ယင်းနေ့ညပိုင်းတွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု နီးစပ်သူများထံမှာ သိရသည်။
အဆိုပါလူငယ်နှစ်ဦးမှာ ကိုတင်ထွန်းအောင်နှင့် ကိုကြည်သာဟုသော လူငယ်နှစ်ဦးဖြစ်ပြီး ကိုဟိန်းထက်နိုင်မှာ ဖြစ်စဉ်နေရာတွင်ပင် စစ်ကောင်စီပစ်ခတ်သော သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရသည်။
"မနေ့ညပိုင်းမှာပဲ ဗဟန်းရဲစခန်းမှာပဲ ပစ်သတ်ခံရတယ်လို့ သတင်းကြားရတယ်။ ခုမနက်အစောကြီးမှာပဲ ရေဝေးမှာ သူတို့နှစ်ယောက်စလုံးကို ချက်ချင်းသဂြိုဟ်လိုက်တယ်လို့တော့ သိထားတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ" ဟု ယင်းလူငယ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက အဆိုပါ လူငယ်များအား ဖမ်းဆီးရမိချိန်တွင် လက်နက်ငယ် ၂ လက်နှင့် လက်ပစ်ဗုံးအချို့ကိုတွေ့ရှိခဲ့သည်ဟု သတင်းများဖြန့်ဝေထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment