မုံရွာ-မန္တလေးလမ်းမပိုင်းရှိ ပဲကတိုး​ရွာအနီး စစ်ကောင်စီတပ်ကားနှစ်စီး တိုက်ခိုက်ခံရ

(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေးလမ်းမပိုင်းရှိ ပဲကတိုး​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားနှစ်စီး တိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဧပြီ ၂၅) မွန်းလွဲ ၁နာရီ​ကျော်က စစ်ကိုင်းမြို့နယ် ပဲကတိုးရွာအနီး၊ မန္တလေး-မုံရွာလမ်းပေါ်တွင် စစ်ကိုင်းမြို့ဘက်ဝင်လာသော စစ်ကောင်စီတပ်ကား နှစ်စီး ဖြတ်သန်းလာစဥ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီကား ၂စီးအား စစ်ကိုင်းခရိုင် တပ်ရင်း(၃) တပ်ခွဲတစ်ခွဲမှ  ရှေ့ထွက်မိုင်းသုံး လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန် သည်။

"ဒီကောင်တွေ ရွှေဘိုလမ်းဘက်ကထွက်လာတာ နောက်အစီးထိတာဗျ။ နောက်ပိုင်းပွင့်ထွက်သွားတယ်။ အမိုးတွေပါ စုတ်ပြတ်သွားတယ်။ အထိအခိုက်အသေ အပျောက်များနိုင်တယ်ဗျ"ဟု တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထား သည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

အခင်းဖြစ်ရာ ပဲကတိုးရွာတွင် စစ်ကိုင်းတက္ကသိုလ်ရှိပြီး စစ်ကိုင်းမြို့နှင့်မနီးမဝေးနေရာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ပထမဆုံးအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။


People's Spring 

မုံရွာ-မန္တလေးလမ်းမပိုင်းရှိ ပဲကတိုး​ရွာအနီး စစ်ကောင်စီတပ်ကားနှစ်စီး တိုက်ခိုက်ခံရ မုံရွာ-မန္တလေးလမ်းမပိုင်းရှိ ပဲကတိုး​ရွာအနီး စစ်ကောင်စီတပ်ကားနှစ်စီး တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.