သပိတ်ကျင်း ချောင်းကြီးရွာ ရဲကင်းအနီး ဖောက်ခွဲတိုက်ခိုက်မှု ဗိုလ်ကြီးသက်မျိုးအောင်၊ ဒု-ရဲအုပ်နှင့် အုပ်ကြီးတို့ အပါအဝင် စကစ အနည်းဆုံး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာ (ပုံဟောင်း)/Photo – CJ

ဧပြီ - ၁၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာ ရဲကင်းစခန်းအနီး ဒီကနေ့ ညနေပိုင်းက စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ အမှတ်(၁) သတ္တုဗေဒဆိုင်ရာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတပ်မှ ဗိုလ်ကြီးသက်မျိုးအောင် အပါအဝင် စစ်ကောင်စီဘက်က အနည်းဆုံး နှစ်ဦး သေကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဧပြီ(၁၆)ရက်  သင်္ကြန်အတက်နေ့ ညနေ(၃)နာရီခွဲ ဝန်းကျင်က ချောင်းကြီး ရဲကင်းစခန်းအနီး  အိမ်စီးကားနှင့် ကင်းပတ်နေတဲ့ စစ်အုပ်စုကို သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့နှင့် လက်အောက်ခံ အဖွဲ့ဝင် ဗိုလ်တေဇ (02)တို့က မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုမှာ အမှတ်(၁) သတ္တုဗေဒဆိုင်ရာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတပ်က သုံးပွင့်ဗိုလ်ကြီး သက်မျိုးအောင်၊ ရဲကင်းစခန်းမှူး ဒု-ရဲအုပ် ဖိုးထောင်နှင့် ချောင်းကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဇော်မျိုးအောင် အပါအဝင် စစ်ကောင်စီဘက်က အနည်းဆုံး နှစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေပြီး သုံးဦး ထိခိုက်ဒဏ်ရာရတယ်လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့နှင့် နီးစပ်သူတွေက ဆိုပါတယ်။

''ပထမ တစ်ခါ မတ်တူးကား အနောက်အဖုံးထဲ ထည့်ပြီး တစ်ယောက် သယ်သွားတယ်။၊ ခဏနေတော့ နာရေးကားနှစ်စီးနဲ့ သယ်တယ်။ ကြာအင်း စစ်ဆေးရုံဘက်ကို မောင်းတာ ဖြစ်မယ်” လို့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။

ချောင်းကြီးရွာ ရဲကင်းအနီး ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းက ချောင်းကြီးရွာ အမှတ်(၉)ရပ်ကွက်မှာ ဆိုင်ကယ်ပေါ်က ကြွပ်ကြွပ်အိတ်အမဲ တစ်လုံး ပစ်ချထားခဲ့လို့ အမှတ်(၁) သတ္တုဗေဒဆိုင်ရာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး တပ်မက ဗိုလ်ကြီး ဗိုလ်ကြီး သက်မျိုးအောင် အပါအဝင် ရဲ၊ အုပ်ချုပ်ရေးမှူး စတဲ့အဖွဲ့တွေ သွားရောက်စစ်ဆေးရာကနေ ပေါက်ကွဲမှု ဖြစ်တာလို့ စစ်အုပ်စုဘက်က သတင်းထုတ်ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် သေဆုံးသူ မရှိပေမယ့် ဗိုလ်ကြီး သက်မျိုးအောင်မှာ ရင်အုံ၊ ဗိုက်၊ မျက်နှာ၊ ပေါင် စတဲ့နေရာတွေမှာ ထိခိုက်ဒဏ်ရာ ခုနှစ်ချက်၊ ဒုရဲအုပ် ဖိုးထောင်မှာ နံစောင်း၊ ပေါင်၊ လက်စတဲ့ နေရာတွေမှာ ထိခိုက်ဒဏ်ရာ ငါးချက်နှင့်  ချောင်းကြီးအုပ်ချုပ်ရေးမှူး ဇော်မျိုးအောင်မှာ မျက်နှာ၊ လည်ပင်း၊ ပေါင် စတဲ့နေရာတွေမှာ ထိခိုက်ဒဏ်ရာ လေးချက် ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဒဏ်ရာရသူတွေ အသက် သေ၊မသေကိုတော့ MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တ မရှိသေးပါဘူး။

TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ကတော့ သပိတ်ကျင်းမြို့နယ်ထဲက စစ်အုပ်စုနှင့် ဆက်စပ်သူတွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းနှင့် စစ်အုပ်စုကို တိုက်ခိုက်နိုင်ဖို့ အများပြည်သူ အနေနဲ့ကလည်း ထောက်ပံ့ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။


Mandalay Free Press - MFP

သပိတ်ကျင်း ချောင်းကြီးရွာ ရဲကင်းအနီး ဖောက်ခွဲတိုက်ခိုက်မှု ဗိုလ်ကြီးသက်မျိုးအောင်၊ ဒု-ရဲအုပ်နှင့် အုပ်ကြီးတို့ အပါအဝင် စကစ အနည်းဆုံး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ သပိတ်ကျင်း ချောင်းကြီးရွာ ရဲကင်းအနီး ဖောက်ခွဲတိုက်ခိုက်မှု ဗိုလ်ကြီးသက်မျိုးအောင်၊ ဒု-ရဲအုပ်နှင့် အုပ်ကြီးတို့ အပါအဝင် စကစ အနည်းဆုံး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.