တနင်္သာရီတိုင်းမ်၊ ဧပြီ ၁
လောင်းလုံးမြို့နယ်မှာ မနေ့ညက နေရာအနံ့အပြားမှာ ဆက်တိုက်ထွက်ပေါ်ခဲ့တဲ့ ပေါက်ကွဲသံနဲ့ သေနတ်သံတွေဟာ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ဒလန်တို့ကိုသတိပေးတဲ့ အသံဖြစ်တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ ဧပြီလ (၁)ရက်နေ့ကစ ပြီး စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းလုပ်ဆောင်နေဆဲဆိုရင် ကျွန်တော်တို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
အခုည လောင်းလုံးကျွန်းဆွယ်တစ်ခုလုံးအား လက်တွေ့သတိပေးရင်း ထပ်ဆင့်ထုတ်ပြန်လိုက်သည် လို့လည်း မတ်လ ၃၁ ရက်ညမှာ ရေးသားထားပါတယ်။
လွန်ခဲ့တဲ့ လေးရက်လောက်ကလည်း လောင်းလုံးမြို့မှာ ပျူစောထီးခေါင်းဆောင်လို့နာမည်ကြီးတဲ့ ကိုဇော်ဆိုသူ အသတ်ခံခဲ့ရပါတယ်။
The Tanintharyi Times
စစ်ကောင်စီနဲ့ မပူးပေါင်းရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ သေနတ်ပစ်ဖောက် သတိပေး
Reviewed by THITHTOOLWIN
on
18:55
Rating:
No comments:
Post a Comment