မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီ ဦးချစ်ခိုင်ကို စစ်ကောင်စီဖမ်းဆီး၊ ဇေကမ္ဘာဦးခင်ရွှေပြီးလျှင် ခရိုနီတစ်ဦး ဒုတိယမြောက် အဖမ်းခံရခြင်းဖြစ်


ဧပြီလ ၂၆ ရက်

မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီတစ်ဦးဖြစ်သည့် ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်ကို အာဏာသိမ်း စစ်ကောင်စီက ဧပြိလ ၂၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ကြောင်း ဧရာဝတီသတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

နာမည်ကျော်ထိပ်တန်းစီးပွားရေးသမား ဦးချစ်ခိုင်ကို ဧပြီ ၂၅ ရက် ညနေပိုင်းက နိုင်ငံခြားခရီးစဉ် တစ်ခုမှအပြန် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး မည်သည့်ကိစ္စဖြင့် ဖမ်းဆီးသည်ကို မသိရကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်မတ်လအတွင်းက နာမည်ကျော်ထိပ်တန်း ခရိုနီတစ်ဦးဖြစ်သည့် ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ကိုဇေသီဟတို့ကို စစ်ကောင်စီက အမှုဖွင့်ဖမ်းဆီး၍ အင်းစိန်ထောင်သို့ ပို့ဆောင်ကာ အကျဉ်းချခဲ့သည်။ ထို့ကြောင့် ဧဒင်ကုမ္ပဏီလုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်မှာ မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ ဒုတိယမြောက် အဖမ်းခံရသည့် ထိပ်တန်းခရိုနီဖြစ်သည်။

ဧဒင်ဦးချစ်ခိုင်ဟု လူသိများသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်မှာ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်သုံးဆီလုပ်ငန်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းစသဖြင့် ကုမ္ပဏီလုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသည့် ထိပ်တန်းခရိုနီတစ်ဦးဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် - NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသော ခရိုနီတစ်ဦးလည်း ဖြစ်သည်။


Ayeyarwaddy Times 

မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီ ဦးချစ်ခိုင်ကို စစ်ကောင်စီဖမ်းဆီး၊ ဇေကမ္ဘာဦးခင်ရွှေပြီးလျှင် ခရိုနီတစ်ဦး ဒုတိယမြောက် အဖမ်းခံရခြင်းဖြစ် မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီ ဦးချစ်ခိုင်ကို စစ်ကောင်စီဖမ်းဆီး၊ ဇေကမ္ဘာဦးခင်ရွှေပြီးလျှင် ခရိုနီတစ်ဦး ဒုတိယမြောက် အဖမ်းခံရခြင်းဖြစ် Reviewed by THITHTOOLWIN on 19:15 Rating: 5

No comments:

Powered by Blogger.