ပုလောမြို့တွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၁၀ ဦးခန့် သေဆုံးဟုဆို


ပုလော၊ ဧပြီ ၂၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲရွာနှင့် သင်္ကန်းတောရွာအကြားတွင် ကား ၇ စီးပါရှိသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပုလောဒေ သကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြော သည်။

မြိတ်မြို့ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဧပြီလ ၂၆ ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကား ၁ စီး မီးလောင်ကာ ၃ စီးပျက်စီးခဲ့သည်ဟု အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

"ရှေ့ထွက်မိုင်း ၄ လုံးကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ရမ်းသန်းပြီး ပြန်ပစ်နေတာ ပုလော နယ်မြေခံ တပ် ရင်းနားရောက်တဲ့အထိပဲ" ဟု အထက်ပါတာ၀န်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီယာဉ်တန်းသည် ပုလောမြို့နှင့် ၈ မိုင်ခန့်အကွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ် ကောင်စီတပ်သားများ၏ ပြန်လည် ပစ်ခတ်ခြင်းကြောင့် လမ်းဘေးရှိ လူနေအိမ်တချို့ ကျည်ဆံထိမှန်ခဲ့သော်လည်း ပြည်သူလူထုထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောသည်။

ပုလောမြို့နယ် ဒေသခံတစ်ဦးက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြောပြရာ”လူနာတင်ကားတွေ သွားတာမတွေ့ဘူးဗျ။ ရွာဘက်ကလူတွေ ပြောတာတော့ စစ်သားတွေက ထိခိုက်သေဆုံးတဲ့လူတွေကို သူတို့ကားပေါ်တင်ပြီး ပုလောအရောက် မောင်းပြေးတာပဲ" ဟုဆိုသည်။

ကား ၇ စီးဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းပေါ်တွင် တပ်ဖွဲ့၀င်မည်မျှလိုက်ပါလာသည်ကို မသိရှိကြောင်း လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို ပုလောဆေးရုံတွင် ကုသနေကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။


Lu Nge Khit

ပုလောမြို့တွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၁၀ ဦးခန့် သေဆုံးဟုဆို ပုလောမြို့တွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၁၀ ဦးခန့် သေဆုံးဟုဆို Reviewed by THITHTOOLWIN on 23:12 Rating: 5

No comments:

Powered by Blogger.