မင်းကင်း သံပေါက်ရွာကိူ စစ်ကောင်စီ+ပျူ ပူးပေါင်းအဖွဲ့ မီးရှို့ဖျက်ဆီး၊ ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးသေ အများအပြားဒဏ်ရာရ


ဧပြီ ၂၆၊ SGG

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် သံပေါက်ရွာကို ဧပြီလ ၂၅ရက်နေ့ မနက် ၃နာရီအချိန်ခန့်က ကလေးမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ကျော်ပါတဲ့ ခလရ-၈၇ စစ်ကြောင်းဝင်ရောက်လာပြီး ချင်းတွင်းမြစ်တဘက်ကမ်းမှ ပျူရွာတွေဖြစ်တဲ့ ပန်းဆက်၊ တောင်ဖြူ မှပျူစောထီးများနဲ့ပူးပေါင်းခဲ့ကာ သာလွန်အင်အားဖြင့် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ အများအပြားလောင်ကျွမ်းသွားခဲ့တယ်လို့သိရပါတယ်။

ကျေးရွာအတွင်း ပိတ်မိနေတဲ့ ရွာခံပြည်သူအချို့ကို MDF - SpceialForce၊ စစ်ကိုင်း PDF တပ်ရင်း ၃၊ မင်းကင်း PDF တပ်ရင်း ၁ နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ လက်နက်ကြီးပစ်ကူသုံး၍ ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို MDF - Special Force နှင့်မဟာမိတ် PDF တပ်ရင်းများမှ မိုင်းခွဲ၍ ပြန်လည် ပစ်ခတ်ခဲ့ရာ ထိတွေ့မှုဖြစ်နေစဥ် အချိန်အတွင်းစစ်သား ငါးယောက် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ တဖက်ကမ်းမှလာရောက်ပူးပေါင်းတဲ့ ပျူစောထီးများမြစ်ကြောင်း ကမ်းစပ်သို့ ဆင်းပြေး တပ်ဆုတ်သွားကြတယ်လို့သိရပါတယ်။

ဧပြီလ ၂၆ရက် ဒီကနေ့မှာ မင်းကင်းမြို့နယ်လောင်းပြည့်ရွာနှင့် ဇင်ကလဲရွာများတွင် စစ်ကောင်စီစစ်သားများ ဝင်ရောက်တပ်စွဲထားဆဲဖြစ်ပြီး ရွာခံပြည်သူများစွာဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ယခုအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကျအဆုံးမရှိဘူး လို့ MDF PDF တာဝန်ရှိသူက ပြောပါတယ်။


စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

မင်းကင်း သံပေါက်ရွာကိူ စစ်ကောင်စီ+ပျူ ပူးပေါင်းအဖွဲ့ မီးရှို့ဖျက်ဆီး၊ ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးသေ အများအပြားဒဏ်ရာရ မင်းကင်း သံပေါက်ရွာကိူ စစ်ကောင်စီ+ပျူ ပူးပေါင်းအဖွဲ့ မီးရှို့ဖျက်ဆီး၊ ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးသေ အများအပြားဒဏ်ရာရ Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.