သင်္ကြန်မဏ္ဍပ်တွေအနီး မသွားကြဖို့ တနင်္သာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး


တနင်္သာရီတိုင်းမ်၊ ဧပြီ ၅ 

ပြည်သူလူထုအနေနဲ့ စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်မဏ္ဍပ်တွေအနီးကို လုံးဝမသွားရောက်ကြဖို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ 

တနင်္သာရီမြို့နယ်ထဲက တော်လှန်ရေးအင်အားစုတွေဟာ စစ်အာဏာရှင်ပြုတ်ကျရေးနေ့ညမပြတ်ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုဘဲ တော်လှန်သတ်မှတ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ 

စစ်ကောင်စီဟာ သူတို့ကို ပြည်သူလူထုကထောက်ခံသယောင်ယောင်ဖြစ်စေဖို့အတွက် သင်္ကြန်ပွဲတော်ကိုကျင်းပနိုင်ဖို့ ဖိအားပေးလုပ်ဆောင်နေတယ်လို့သတိပေးထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ 

ပြည်သူလူထုအနေနဲ့ တော်လှန်ရေးကာလမှာ ထိခိုက်ကျဆုံးခဲ့တဲ့ပြည်သူတွေ၊ တော်လှန်ရေးအတွက် အဖက်ဖက်ကစွန့်စားဆောင်ရွက်နေကြတဲ့အင်အားစုတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့အခက်အခဲကိုထောက်ထားတဲ့အနေနဲ့ တော်လှန်သင်္ကြန်အဖြစ် သတ်မှတ်လိုက်နာပေးကြဖို့ကိုလည်း အသိပေးပန်ကြားထားပါတယ်။ 


The Tanintharyi Times


သင်္ကြန်မဏ္ဍပ်တွေအနီး မသွားကြဖို့ တနင်္သာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး သင်္ကြန်မဏ္ဍပ်တွေအနီး မသွားကြဖို့ တနင်္သာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး Reviewed by THITHTOOLWIN on 19:47 Rating: 5

No comments:

Powered by Blogger.