မတူပီမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သား ၂ ဦးဟာဧပြီလ ၂၁ ညတွင် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးပြီးနောက် စစ်ေကာင်စီတပ်သားများဟာ မြို့ပေါ်တွင် စစ်ဆေးမှုများ သာမန်ထက် ပိုတင်းကြပ်စွာပြုလုပ်ခဲ့ပါတယ်။
စစ်သား ၂ ဦး ထွက်ပြေးလွတ်မြောက်အောင် ဆက်သွယ်ကူညီပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များကို ထောက်ပံ့ ပေးခြင်းအစရှိသော စွပ်စွဲချက်များဖြင့် မတူပီ မြို့ပေါ်က ပြည်သူ ၅ ဦးဟာ ဖမ်းဆီးခံလိုက်ရပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံ ၅ ဦးကို ပြန်လွှတ်စေလိုပါက လည်မြိုတံတားပေါ်တွင် သေနတ် ၂ လက်ကို ပြန်ထားပေးပါက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည်ဟု စစ်သားများက ဒေသခံများကို ပြောခဲ့ကြောင်း ဆိုပါတယ်။
အဖမ်းခံရသူများတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်ကြောင်း ဒေသခံများက ပြောပါတယ်။
Zalen
ဘဏ်အစောင့် ၂ ဦးထွက်ပြေးပြီးနောက် မတူပီမြို့တွင် ပြည်သူ ၅ ဦးအဖမ်းခံရ
Reviewed by THITHTOOLWIN
on
23:44
Rating:
No comments:
Post a Comment