ဧပြီ ၁၊ ၂၀၂၂ ခုနှစ်။
မြန်မာသင်္ကြန်ကာလတွင် အင်းစိန်အကျဉ်းဦးစီးအပါအဝင် စစ်ကောင်စီ လက်ပါးစေများက ထောင်တွင်းထောင်ပြင် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားများက ပူးတွဲသဘောထားထုန်ပြန်ခဲ့သည်။
နိုင်ငံရေးအချုပ်အနှောင်ခံများသည် ထောင်တွင်းသင်္ကြန်အား လုံးဝ (လုံးဝ) ပူးပေါင်းပါဝင်မည် မဟုတ်သလို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူတရပ်လုံးအနေဖြင့်လည်း ရန်သူတို့ဖန်တီးလုပ်ယူထားသော အတုအယောင် ပျော်ပွဲရွှင်ပွဲများ၊ အတုအယောင် လူနေမှုပုံစံများတွင် ဝင်ရောက်ပူးပေါင်းခြင်း မပြုကြရန် နှိုးဆော်ထားသည်။
ထောင်တွင်းသင်္ကြန်နှင့် နိုင်ငံနေရာအနှံ့အ ပြားတွင် ကျင်းပပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲများတွင် ပြည်သူများပူးပေါင်းပါဝင်မှုမပြုရန် ဧပြီလ ၁ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ပျော်ပွဲရွှင်ပွဲများသည် တော်လှန်ရေးတရပ်လုံး၏ အန္တိမပန်းတိုင် မှေးမှိန်သွားစေရန် (တော်လှန်ရေးဈာန်လျှောသွားစေရန်) ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော အတုအယောင် ပျော်ပွဲရွှင်ပွဲများဖြင့် အဓမ္မပျော်ရွှင်စေခြင်းမျိုးဖြစ်သည့်အတွက် မပါဝင်ရန်တိုက်တွန်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment