ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ


စစ်ကောင်စီ၏ ထောက်တိုင်၊ သတင်း​ပေးတစ်ဦးဖြစ်သောပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကို သုတ်သင်လိုက်​ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ပေါင်းသင်းနေ၍ မြို့ခံများက အမြင်မကြည်သည့် ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်နေဇာလင်းသည်  ဧပြီ၁၄ရက် ညနေတွင် အမျ်ိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

"စစ်အုပ်ချုပ်ရေးယန္တရား၏ ​ထောက်တိုင်ဖြစ်သော လောက်ကောင်၊ဒလန်ကောင်၊ ပြည်သူ့သစ္စာဖောက်ကောင်အား ကျွန်ုပ်တို့ PRDF အဖွဲ့က ယမန်နေ့(ဧပြီ ၁၄ရက်)ညနေ သုံးနာရီခန့်တွင် သေနတ်ဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်ဟု ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDFက သတင်းထုတ်ပြန်သည်။

"ဘီယာဆိုင်ကအထွက်မှာ နားထင်ကိုတည်ပစ်သွားတာ။ သေနတ်ပစ်တဲ့စကေးကတော့ ရှယ်ပဲ"ဟု ပုလောမြို့ခံတစ်ဦးက ပြောသည်။

ဦးအောင်နေဇာလင်းအား ရှင်းလင်းခဲ့သည့် Mission တွင် ပါဝင်သူအားလုံး လွတ်မြောက်နယ်မြေသို့ရောက်ရှိပြီဟုလည်း PRDF က ယနေ့(ဧပြီ ၁၅ရက်) ထုတ်ပြန်ထားသည်။  ပစ်ခတ်ရှင်းလင်းပြီးပြီးချင်း သတင်းမထုတ်ပြန်ဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်များ လုံခြံသည့်နေရာရောက်မှသာ PRDF က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။


People's Spring

ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.