ပေါက်မြို့နယ် လက်ပံလှရွာကို သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီက ဒုတိယအကြိမ်ရွာလုံးကျွတ် မီးရှို့

သတင်း/ဓာတ်ပုံ- CJ

ဧပြီလ ၁၃ ရက်၊ ပေါက်

မကွေးတိုင်း ပေါက်မြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန်အကြိုနေ့ မနက် ၇ နာရီဝန်းကျင်ကစပြီး ရွာလုံးကျွတ် မီးရှို့မှုတွေ ပြုလုပ်နေတာဖြစ်ပြီးတော့ မတ်လဆန်းပိုင်းက အိမ်ခြေ (၆၀)လောက်ကို မီးရှို့ဖျက်ဆီးမှုအပြီးနောက်ပိုင်း ကျန်နေသေးတဲ့ နေအိမ်အားလုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တာပါ။

အိမ်ခြေပေါင်း (၂၀၀)ကျော်ရှိပြီး အရင်က စီးပွားရေး အဆင်ပြေမှုကြောင့် တိုက်တာအဆောက်အဦးတွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေ ရာနဲ့ချီရှိတဲ့ လက်ပံလှ၊ လယ်ယာ၊ ကင်းမကျေးရွာတွေဟာ စစ်ကောင်စီရဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေကြောင့် အခုချိန်မှာ ပြာပုံထဲကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ရေးတင်းမာမှု ရှိနေတာကြောင့် ဒေသခံအားလုံးကို ဘေးလွတ်ရာရှောင်ရှားနေဖို့နဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေမခံဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရ သက္ကယ်ကျင်းနဲ့ တံစူးကျေးရွာကိုလည်း မီးရှို့နေတယ်လို့ သိရပါတယ်။


Shwe Phee Myay News Agency 

ပေါက်မြို့နယ် လက်ပံလှရွာကို သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီက ဒုတိယအကြိမ်ရွာလုံးကျွတ် မီးရှို့ ပေါက်မြို့နယ် လက်ပံလှရွာကို သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီက ဒုတိယအကြိမ်ရွာလုံးကျွတ် မီးရှို့ Reviewed by THITHTOOLWIN on 19:21 Rating: 5

No comments:

Powered by Blogger.