Photo. KNDF |
13 April 2022
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း KNDF၊ KA နှင့် KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဧပြီလ ၁၁ရက်နေ့ကစပြီး ယနေ့နံနက်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် အကျအဆုံးရှိသည့်အတွက် ၎င်းတို့လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
"တိုက်ပွဲကအခုထိ ပြင်းထန်နေပါတယ် သူတို့ဘက်က အကျဆုံးများတော့ လေယာဉ်နဲ့ ထပ်လာချနေပါတယ်။ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ထားပါတယ်။"ဟု ဒေသခံတဦးကပြောသည်။
တိုက်ပွဲ ပြင်းထန်နေသည့်အတွက် ဒီးမော့ဆိုမြို့နယ်မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံတဦးကပြောသည်။
"အကုန်စစ်ရှောင်နေပါပြီ မြို့မှာ လူမရှိတော့ပါဘူး တနှစ်ပြည့်ပါပြီ အိမ်မှာ မနေကြရတာ"ဟု ဒေသခံတဦးက ပြောသည်။
ထိုတိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်ဘက်မှ ၇ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၃၀ထက်မနည်း သေဆုံးကြောင်း သိရသည်။
Kachinwaves
ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်နေ
Reviewed by THITHTOOLWIN
on
18:35
Rating:
No comments:
Post a Comment