စဉ့်ကူး ရှောက်ပင်ရိုးရွာက ထန်းရည်ဆိုင်ပိုင်ရှင် ပျူခေါင်းဆောင်ဆိုသူ အသတ်ခံရ


ဧပြီ - ၂၉

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးရွာ၊ မန္တလေး - မိုးကုတ် ကားလမ်းဘေးက ထန်ရည်ဆိုင်ပိုင်ရှင် ပျူစောထီး ခေါင်းဆောင်ဆိုသူ အသက်(၆၀)ကျော်အရွယ် အမျိုးသားတစ်ဦး ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီကနေ့ ဧပြီ(၂၉)ရက် နေ့လယ်(၁၂)နာရီကျော်က စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာ မြောက်ပိုင်း၊ မန္တလေး-မိုးကုတ် ကားလမ်းဘေး၊ မိုင်တိုင်အမှတ် (၈၆)အနီးက ထန်ရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဦးကျော်သိန်း(၆၇)နှစ်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ ရင်ဘတ်မှာ သေနတ်နှစ်ချက်ထိမှန်ပြီး အခင်းဖြစ် နေရာမှာပဲ လဲကျသေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထန်းရည်ဆိုင် ပိုင်ရှင် ဦးကျော်သိန်းဟာ ပျူစောထီးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် စဉ့်ကူးမြို့နယ် (ပကဖ) လက်အောက်ခံ "ဥဒေါင်းမင်းအဖွဲ့"မှ ဗိုလ်ဝါကြီး ´ဦးဆောင်‌ပြီး သေနတ်နဲ့ ငါးချက်ပစ်ခတ်ကာ သုတ်သင်ရှင်းလင်း ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စဉ့်ကူးမြို့နယ်ထဲက ရွှေတူးဖော်ရေးလုပ်ကွက်တွေကို လိုက်လံဆက်ကြေးကောက် နေတယ်ဆိုတဲ့ ပျူစောထီးဆိုသူ တစ်ဦး သုတ်သင်ရှင်းလင်း ခံခဲ့ရပါသေးတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ခိုး၊ဆိုး၊လု၊နှိုက်လိုမျိုး ရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေ အများအပြားကို ထောင်က ပြန်လွှတ်ပေးပြီး ပျူစောထီးဆိုတဲ့ အဖွဲ့တွေ ဖွဲ့ကာ ဒေသခံ အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီး သတ်ဖြတ် ဥပဒေမဲ့ အကြမ်းဖက် ဖိနှိပ်တာတွေ ကျူးလွန်နေပါတယ်။


Mandalay Free Press - MFP

စဉ့်ကူး ရှောက်ပင်ရိုးရွာက ထန်းရည်ဆိုင်ပိုင်ရှင် ပျူခေါင်းဆောင်ဆိုသူ အသတ်ခံရ စဉ့်ကူး ရှောက်ပင်ရိုးရွာက ထန်းရည်ဆိုင်ပိုင်ရှင် ပျူခေါင်းဆောင်ဆိုသူ အသတ်ခံရ Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.