မန္တလေး၊ ဧပြီ ၂၅
အကြမ်းဖက်စစ်ကောင်စီအတွက် လူသတ် ပေးနေသည့် သွေးသောက်အဖွဲ့၏ လုပ်ရပ်ကို တန်ပြန်သည့်အနေဖြင့် ပျူစောထီး ၂ ဦးကို ယနေ့ (ဧပြီလ ၂၅ရက်) တွင် ရှင်းလင်းလိုက်သည်ဟု အနက်ရောင်သေမင်းအဖွဲ့မှ တာ၀န်ရှိ သူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ်တွင် ပျူစောထီးတပ်ဖွဲ့၀င် ညိမ်းဇော်နှင့် တင်အောင်ကို ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံမှ ပစ္စတို ၂ လက်ကိုလည်း သိမ်းဆည်းရမိသည်ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။
"ပျူနှစ်ကောင်ပြန်မပစ်နိုင်ခင် ဖမ်းစစ်ပြီး ပစ်လိုက်တာပါ။ နောက်ထပ်လာမယ်လို့လည်း ပြောချင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အနက်ရောင်သေမင်းအဖွဲ့ ညွှန်းဆိုသည့် သွေးသောက်အဖွဲ့သည် မကြာသေးခင်က ဖွဲ့စည်းခဲ့သည့် လျို့ဝှက်အဖွဲ့ တစ်ခုဖြစ်ပြီး တော်လှန်ရေးသမားများ ၊ NLD ပါတီ၀င်များနှင့် ၎င်းတို့ကို၀န်းရံသူ ၊ ထောက်ခံသူများကို သတ်ဖြတ် သွားမည်ဟု စစ်ကောင်စီအတွက် သတင်းဝါဒဖြန့်ချိပေးနေသူတို့က ထုတ်ဖော်ပြောဆိုထားသည်။
Lu Nge Khit
No comments:
Post a Comment