ရေစကြို ၊ ဧပြီ ၇ ၊ ၂၀၂၂။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းက စစ်ကား ၃ စီးနဲ့လာတဲ့တပ်သားတွေ ဧပြီ ၇ ရက် ဒီနေ့တရက်တည်းမှာတင် မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
မနက်အစောပိုင်း ၁ နာရီလောက်က ပခန်းငယ်ရွာအနီးမှာ ၁ ကြိမ်၊ နေ့လည် ၁၁ နာရီလောက်က ဇီးကုန်းရွာအနီးမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့လည်း ရေစကြို PDF မှ ရဲဘော်ဝေကြီးက ပြောပါတယ်။
“ပထမ မိုင်းဆွဲတာက ည ၁ နာရီလောက်ဆိုတော့စစ်ကောင်စီဘက်က သေတာကတော့ အတိအကျမသိရသေးပါဘူး၊ ရေလယ်ကျွန်းကနေ ပခန်းငယ်ရွာအနားမှာ စောင့်ပြီးမိုင်းဆွဲတာပါ၊ ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်က ဇီးကုန်းနားမှာမိုင်းဆွဲတာတော့ ထိခိုက်သေဆုံးနိုင်တယ်၊ မိုင်း ၂ လုံးဆွဲခဲ့တာ၊ အတုံးအရုန်းလဲပြီးသေကုန်ကြတာ၊ သူတို့ဘက်က ၃ ကောင်သေတယ်၊” လို့ သူကပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ရှိ၊ မရှိကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဧပြီလ ၄ ရက်မနက်ပိုင်းမှာလည်း ပခန်းကြီးရွာအထွက်မှာ စစ်ကောင်စီတပ်တွေကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့လည်း ရေစကြို PDF က သတင်းထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment