မန္တလေးရှိ သူရိယဆေးခန်းပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီး၊ မိသားစုဝင်များကိုပါ ရိုက်နှက်နှိပ်စက်

ဓာတ်ပုံ- မန္တလေးမြို့ရှိ သူရိယ အထူးကုဆေးခန်း

မဟာအောင်မြေ၊ ဧပြီ ၂၆

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို ၎င်းပိုင်ဆိုင်သည့် ဆေးခန်းများတွင် CDM ဆရာဝန်များ လက်ခံသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်တပ်က ယနေ့နေ့လည်ပိုင်း၌ ဖမ်းဆီးသွားပြီး မိသားစုဝင်အားလုံးကိုလည်း နေအိမ်တွင်ရိုက်နှက်နေကြောင်း နီးစပ်သူများထံကသိရသည်။

အသက် ၂၈ နှစ်ခန့်ရှိ ဒေါက်တာအောင်အောင်ထွန်းကို ၃၈လမ်းနှင့် ၈၁ လမ်း အနီးရှိ ဆေးခန်းတွင် လာရောက် ဖမ်းဆီးသွား ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်းပြောသည်။

 “နေ့ခင်းက လာဖမ်းသွားတယ်။ မိသားစုဝင်အကုန်လုံးကိုလည်း အိမ်မှာခေါ်ပြီးရိုက်နှက်နေတာ။ ဒီနေ့လည်အထိ အော်သံတွေ ကြားနေရတယ်"ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိတွင် မန္တလေးမြို့မှ သူရိယဆေးခန်း ၃ ခုလုံးကို စစ်ကောင်စီကပိတ်ခိုင်းထားကြောင်းသိရသည်။


Lu Nge Khit

မန္တလေးရှိ သူရိယဆေးခန်းပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီး၊ မိသားစုဝင်များကိုပါ ရိုက်နှက်နှိပ်စက် မန္တလေးရှိ သူရိယဆေးခန်းပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီး၊ မိသားစုဝင်များကိုပါ ရိုက်နှက်နှိပ်စက် Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.