ဓာတ်ပုံ - ကျည်ဆံထိမှန်ခဲ့သည့်နေရာနှင့် ဒဏ်ရာရသည့်ရွာသားတစ်ဦးကိုတွေ့ရစဉ်။ (Photos: Supplied) |
ဧပြီ ၁၄ ရက်နေ့ ၊ ၂၀၂၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းတံတားထိပ်နှင့် ဒေါင်ရပ် ကြားတွင် စစ်ကောင်စီတပ်ဖွဲ့ ခလရ ၈ လက်အောက်ခံတပ်နှင့်ဇီးဝန်းအမြောက်တပ်ပူးပေါင်ပြီးလမ်းကင်းလုံခြုံရေးယူနေစဉ် KNLA တပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့တို့မှ ဧပြီ ၁၁ ရက်နေ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်၂ တပ်ရင်းလက်အောက်ခံတပ်ခွဲ ၂ တပ်မှူးတစ်ဦးကပြောပါတယ်။
"၁၁ရက်နေ့မနက် ၅ နာရီကနေ ၁၀ နာရီအထိပစ်ခတ်မှုဖြစ်တယ်။ စစ်ကောင်စီဖက် ၃ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာတော့အတည်မပြုနိုင်ဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေက သူတို့ကားတွေသွားလာလို့အဆေပြေအောင်လမ်းလုံခြုံရေးယူပေးတယ်" လို့ အဆိုပါတပ်မှူးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တို့ပစ်ခတ်တိုက်ခိုက်ခံရပြီးအထိနာတာကြောင့် ဇီးဝန်းအမြောက်တပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး၊ ရော်ဘာစက်ရုံနှင့် စိုက်ပျိုးဥယျာဉ်ခြံထဲကျရောက်ပေါက်ကွဲတာကြောင့်ပျက်စီးသွားတယ်လို့ အဆိုပါတပ်မှူးက ပြောပါတယ်။ ဒါ့အပြင် ကျေးရွာသားတစ်ဦးလည်းလက်နက်ကြီးကျဉ်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။
Salween Press
No comments:
Post a Comment