စစ်ကိုင်းမှမုံရွာသို့ ရိက္ခာပို့ဆောင်ရန်လာသော ကား ၁၃၆ စီး မိုင်းဆွဲခံရပြီး ၁၀ ဦးသေဆုံး


စစ်ကိုင်း၊ ဧပြီ ၂၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားမှာ ရိက္ခာတင်ဆောင်လာသော ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းစစ်ယာဉ်တန်းဟာ စစ်ကိုင်းဘက် မှ မုံရွာဘက်သို့ ဆင်းလာသော ရိက္ခာတင်ဆောင်လာတာဖြစ်ပြီး ကား ၁၃၆ စီး ပါဝင်ကာ ဧပြီလ ၂၇ ရက်နေ့၊ နေ့လည် ၁၂ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People's Army To Fight Dictatorship တာဝန်ခံက မြေလတ်အသံကိုပြောသည်။

"ကားတွေကစစ်ကိုင်းဘက်ကနေထွက်လာကြတာ၊ တချို့ကလည်း မန္တလေးဘက်က ထွက်လာတယ်လို့ပြောတယ်၊ မန္တလေးဘက်ကတပ်တွေကော တပ်မ ၃၃ ကောပေါင်းထွက်ပုံရပါတယ်၊ ကား အစီးရေကလည်းတော်တော်များတယ်၊ အဲဒီကား‌ပေါ်မှာ ရိက္ခာတွေပဲပါလောက်တယ်၊ လူအင်အားကနည်းပုံရပါတယ်၊ ကျနော်တို့ဘက်က ပဒေသာမိုင်းဆွဲတာဆိုတော့ သူတို့ဘက်ကထိခိုက်မှုတော်တော်များပါတယ်၊ ၁၀ ဦးသေဆုံးတယ်လို့သိရပါတယ်" ဟု ၎င်း ကဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PAFD) ၊ တပ်ခွဲ DK PDF(MMU)၊ မြောင်(CDSOM) နှင့် Saging Underground Force(SUGF) စသည့် ညီနှောင်မဟာမိတ်လေးဖွဲ့မှ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။


မြေလတ်အသံ - Myaelatt Athan

စစ်ကိုင်းမှမုံရွာသို့ ရိက္ခာပို့ဆောင်ရန်လာသော ကား ၁၃၆ စီး မိုင်းဆွဲခံရပြီး ၁၀ ဦးသေဆုံး စစ်ကိုင်းမှမုံရွာသို့ ရိက္ခာပို့ဆောင်ရန်လာသော ကား ၁၃၆ စီး မိုင်းဆွဲခံရပြီး ၁၀ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.