စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၉) ကြိမ်တွင် စကစတပ်သား (၂၃) ဦးသေဆုံးပြီး အများအပြားမသေမရှင်ဖြစ်
ဧပြီ ၁၁
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ် တို့ရှိ ကျေးရွာပေါင်း(၁၁)ရွာကို လှည့်လည်သွားလာပြီး စစ်ကြောင်းထိုးလာသော စကစ အင်အား (၆၄) ယောက်အား ဧပြီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း (၉) ကြိမ်ဖြစ်ပွါးခဲ့ပြီး စကစတပ်သား (၂၃) ဦး သေဆုံးပြီး (၈) ဦးမှာ မသေမရှင်ဖြစ်သွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ကထုတ်ပြန်သည်။
စကစတပ်သား (၆၄) ယောက်မှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းမှ ထွက်လာပြီး ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ကန့်ဒေါင့်ရဲစခန်းသို့ (၄၁) ယောက်သာ ပြန်လည်ရောက်ရှိပြီး (၈) ဦးမှာ ပုလဲဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
စကစဘက်မှ သေဆုံးသွားသော စကစတပ်သားများအား စစ်ကြောင်းထိုးရာလမ်းတွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအား ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA မှ တပ်ခွဲပေါင်း (၁၁) ခုအထိ အသုံးပြုခဲ့ပြီး ပုလဲနှင့် မြိုင်မြို့နယ်များမှ တော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြကြောင်း သိရသည်။
တိုင်ပွဲအတွင်း တော်လှန်ရေး ရဲဘော်(၂)ဦးမှာ ပြည်သူလူထုအား ကာကွယ်ရေးအတွက် တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ကြကြောင်း PRA ကအသိပေးထုတ်ပြန်သည်။
PDF Newsflash
No comments:
Post a Comment