မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းပေါ်တွင် တပ်မ ၄၄ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၁၀ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - ရှေ့တန်းနယ်မြေသို့ထွက်ခွာမည့် စစ်ကောင်စီယာဉ်တန်းကိုတွေ့ရစဉ်။ ပုံဟောင်း။ (Photo: CJ) 

ဧပြီလ ၂၆ ရက်နေ့ ၊ ၂၀၂၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီလက်အောက်ခံ အမှတ် ၄၄ တပ်မ၊ အမှတ်၂၀၇ တပ်ရင်းတပ်ဖွဲ့ဝင်များကို ဧပြီလ၂၅ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းမအနီး အင်္ဂဘိုတွင် KNLA၊ ABSDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဖက်မှ တပ်ခွဲမှူးအပါဝင် ၁၀ ဦးကျော်သေဆုံးသွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။

 တပ်ခွဲမှူးနှင့် အပြင်းအထန်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသည် သိမ်ဇရပ်ဆေးရုံသို့ပို့ဆောင်ပြီးနောက်သေဆုံးသွားတယ်လို့ အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။ ဧပြီလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီဖက်က စစ်အင်အားတိုးချဲ့လာပြီး စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ 


Salween Press

မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းပေါ်တွင် တပ်မ ၄၄ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၁၀ ဦးသေဆုံးဟုဆို မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းပေါ်တွင် တပ်မ ၄၄ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၁၀ ဦးသေဆုံးဟုဆို Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.