ရန်ကုန်၊ ဧပြီ ၂
စစ်ကောင်စီထံ သတင်းပေးနေသည့် မြောက်ဒဂုံမှ ပျူစောထီးအဖွဲ့၀င် သတင်းပေး ဆန်းမင်းထွန်းကို သေနတ်ဖြင့် ၆ ချက်ပစ်သတ်ခဲ့သည်ဟု Spring Brothers Force က ထုတ်ပြန်သည်။
ဧပြီလ ၂ ရက် နေ့လယ်ပိုင်းတွင် ဆန်းမင်းထွန်းကို အထက်ပါအဖွဲ့က သူ၏နေအိမ်တွင် သွားရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။ စန်းမင်းထွန်းသည် မြောက်ဒဂုံ ၃၂ ရပ်ကွက်မှ ဆယ်အိမ်မှူးတစ်ဦးဖြစ်သည်။
မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦး၏ အဆိုအရ ဆန်းမင်းထွန်းသည် ၎င်း၏ဇနီးသည်နှင့် နေအိမ်၌ အတူရှိ နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဆေးရုံရောက်ရှိစဉ် သေဆုံးသွားခဲ့သည်ဟု သိရသည်။
၎င်းသည်အဖွဲ့လိုက်အနေဖြင့် စစ်ကောင်စီဒေါက်တိုင်အဖြစ် သတင်းပေးသည့် လုပ်ငန်းများကို လုပ်ဆောင်နေသူ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း လူငယ့်ခေတ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
Lu Nge Khit
မြောက်ဒဂုံမှ ပျူစောထီးအဖွဲ့၀င် သတင်းပေးဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံရ
Reviewed by THITHTOOLWIN
on
22:02
Rating:
No comments:
Post a Comment