ရေစကြို မြို့မရဲစခန်းရှေ့ မှာ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး


ရေစကြို၊ ဧပြီ ၈၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့ မြို့မရဲစခန်းကနေထွက်လာတဲ့ စစ်သားနဲ့ ရဲတပ်သားအပါအဝင် စစ်ကောင်စီအဖွဲ့တွေကို  ဧပြီလ ၇ ရက် မနေ့ကညပိုင်းမှာ  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို PDF မှ ရဲဘော်ဝေကြီးက ပြောပါတယ်။

“၈ နာရီဝန်းကျင်လောက်မှာဗျ၊စခန်းအပေါက်ဝမှာ မိုင်းထောင်ထားတာပါ၊စခန်းရှေ့ကင်းထွက်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာ၊ ၄ ကောင်ကတော့သေတယ်၊ သူတို့ဘက်က အများအပြားလဲဒဏ်ရာရကြတယ်၊ “ လို့ သူကပြောပါတယ်။ 

ဒါ့အပြင်မနေ့က နေ့လည်ပိုင်းမှာလည်း ရေစကြိုမြိုနယ်၊ ဆင်မရဲရွာကထွက်လာတဲ့ စစ်ကောင်စီကား ၁ စီးကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့ နဲ့ Urban Underground Revolution Force -YSO အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ 

ဆင်းမရဲရွာနဲ့ ငါးပါယ်ရွာကြားမှာ နေ့လည် ၁ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီလှုပ်ရှားမှုကြောင့် ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ 

“ မိုင်းကတော့ ၁ လုံးပဲဆွဲလိုက်တာ၊ နေ့လည် ၁ နာရီခွဲဝန်းကျင်လောက်ကပါ၊စစ်သားနဲ့ပျူစောထီးတွေ ထိခိုက်သေဆုံးနိုင်ပေမဲ့ အတိအကျတော့ပြေလို့မရသေးပါဘူး၊ စစ်သားနဲ့ ပျူစောထီးအဖွဲ့က ရမ်းသမ်းပစ်ခတ်ပေမယ့် ကျနော်တို့အဖွဲ့တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်၊” လို့ သူကပြောပါတယ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေက ခပ်စိပ်စိပ်ရှိလာသလို၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကလည်း တဖြည်းဖြည်းနဲ့အားကောင်းလျက်ရှိနေပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ရေစကြို မြို့မရဲစခန်းရှေ့ မှာ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး ရေစကြို မြို့မရဲစခန်းရှေ့ မှာ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 07:19 Rating: 5

No comments:

Powered by Blogger.