ရန်ကုန်၊ ဧပြီ ၇
အကျဉ်းသားများကို နှိပ်စက်နေသည့်အတွက် ယနေ့ နံနက်ပိုင်းတွင် အင်းစိန်ထောင်၀၌ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ဟု People Hlaing Tharya Force အဖွဲ့က ထုတ်ပြန်သည်။
ဖောက်ခွဲမှုသည် သတိပေးခြင်းသာဖြစ်ပြီး ဆက်လက်နှိပ်စက်နေမည်ဆိုပါက ထောင်အတွင်းရှိ စစ် ကောင်စီ ၀န်ထမ်းများ၏ အသက်ကို အာမခံမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များသိရှိရန် လူငယ့်ခေတ်အနေဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း လက်ရှိအချိန် ထိ ဆက်သွယ်၍ မရသေးပါ။
အင်းစိန်ထောင်အနီးနေထိုင်သူတစ်ဦးက "ဗုံးက အသံမကျယ်ဘူးထင်တယ်။ မကြားလိုက်ဘူး။ ရွာမဘက်က အပေါက်နားမှာ ပိတ်ဆို့မှုတွေ ဖြစ်တော့ ဗုံးပေါက်တယ်ဆိုတာ သိရတာ" ဟု လူငယ့်ခေတ်သို့ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်ကလည်း အင်းစိန်ထောင် ၀တွင် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။
Lu Nge Khit
No comments:
Post a Comment